ကျွန်းမြေငှားရမ်းခ တစ်ဧက တစ်နှစ် ကျပ်ရှစ်သိန်းကျော် ကောက်ခံရန် သမ္မတရုံးသို့တင်ပြ

ကျွန်းမြေငှားရမ်းခ တစ်ဧက တစ်နှစ် ကျပ်ရှစ်သိန်းကျော် ကောက်ခံရန် သမ္မတရုံးသို့တင်ပြ

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ကျွန်းမြေများကို BOT (တည်ဆောက်၊ လည် ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် ငှားရမ်းရာတွင် တစ်နှစ်စာ မြေငှားခကို တစ်စတုရန်း မီတာလျှင် ကျပ် ၂၀ဝ နှုန်းဖြင့် သတ်မှတ်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောဆို သည်။

တင်ပြထား

တစ်ဧကလျှင် ၄၀၄၆ ဒသမ ၈၆ စတုရန်း မီတာရှိသည့်အတွက် တစ်ဧက မြေငှားခမှာ တစ်နှစ်လျှင် ကျပ်ရှစ်သိန်းကျော် ကျသင့်မည် ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပသောတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်အရ ယင်းသို့ သတ်မှတ် ကောက်ခံခွင့်ပြုရန် သမ္မတရုံးသို့ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

""မြေကို မလိုအပ်ဘဲ အများကြီး လိုက်ယူ ထားတာတွေကို ထိန်းညှိလိုတဲ့ ရည်ရွယ်ချက် လည်း ပါတယ်ပေါ့။ သမ္မတရုံးက အဖြေမလာ သေးပါဘူး" ဟု ဝန်ကြီးက ပြောဆိုသည်။

သတ်မှတ်မှုမရှိ

တနင်္သာရီတိုင်းအတွင်း ကျွန်းအချို့တွင် ဟိုတယ်များဆောက်လုပ်ခြင်း၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်းတို့အတွက် မြေငှားခကို အစိုးရ က တိတိကျကျ သတ်မှတ်ထားခြင်းမရှိ သေးပေ။

အထက်ပါဈေးအတိုင်း အတည်ပြုလိုက်ပါက လုပ်ငန်းစရိတ် ပြန်လည်တွက်ချက်ရမည်ဖြစ် ကြောင်း မြိတ်ဆာကူရာ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာက ပြောဆိုသည်။

ခြောက်လခန့်သာ

""အခွန်အခမြင့်လာရင် ခရီးသွားတွေမှာ ယူရမယ့် နှုန်းထားတွေလည်း မြင့်လာမှာပဲလေ။ ဥပမာ- အခန်းခဒေါ်လာ ၁၀ဝ မှန်းထားရင် ၁၂၀ ဖြစ်ချင်ဖြစ်မှာပေါ့" ဟု၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကျွန်းအများစုမှာ ပွင့်လင်းရာသီ ခြောက်လခန့်သာ လုပ်ကိုင်နိုင်သည်ကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး