မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသူကို စစ်ဆေးခဲ့ရာမှ ခိုးမှုငါးမှု ပေါ်ပေါက်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသူကို စစ်ဆေးခဲ့ရာမှ ခိုးမှုငါးမှု ပေါ်ပေါက်

ရွှေပြည်သာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသူကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ကဆက်လက်စစ်ဆေးခဲ့ရာမှ ခိုးမှုငါးမှု ပေါ်ပေါက်ခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့က ရဲတပ်ဖွဲ့မှ သိရသည်။ 

ရွှေပြည်သာမြို့မရဲစခန်း၏ မယ(ပ)၃၉/၂၀၁၈ ၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ) အရဖမ်းဆီးအရေးယူထားသည့် ရွှေပြည်သာမြို့နယ်၊ (ဎ/၁၃) ရပ်ကွက်နေ သန်းဇော်ဦး(ခ)ကုလားကို ခိုးမှုများနှင့် တိုတ်ဆိုင်စစ်ဆေးခဲ့သည်။ 
စုံစမ်းပေါ်ပေါက်ချက်အရ ယခုနှစ် အောက်တိုဘာလအတွင်းကရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်တွင် ရပ်ထားသည့်ကားမှ RED Mi 4A အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊နိုဝင်ဘာလအတွင်းကရွှေပြည်သာမြို့နယ်၊ (၁၀/၃၄)ရပ်ကွက်၊ ကျောက်ခွဲစက်အနီးရပ်ထားသည့် ကားမှ OPPO A33 W အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ အင်းစိန်မြို့နယ် အတွင်းရှိ စက်မှုဇုန်(၂)လမ်းမပေါ်တွင် ရပ်ထားသော ကုန်တင်ကားမှ HUAWEI အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးတို့ကိုခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။ 
ထို့ပြင်ဘုရင့်နောင်လမ်းပေါ်တွင် ရပ်ထားသော ကုန်ကားနှစ်စီးမှ HONOR ဖုန်းတစ်လုံးနှင့် HUAWEI အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး တို့ကိုခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။ 
၎င်း ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးကို ဆက်လက်သိမ်းဆည်းခဲ့ပြီး ခိုးယူမှုများနှင့်ပတ်သက်၍သက်ဆိုင်ရာရဲစခန်းများက အမှုဖွင့် အရေးယူထားသည်။