ဗြိတိန်ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်ကုမ္ပဏီများပါဝင်မှုကို ပြန်သုံးသပ်ရန်လိုဟု ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲသတိပေး

ဗြိတိန်ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်ကုမ္ပဏီများပါဝင်မှုကို ပြန်သုံးသပ်ရန်လိုဟု ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲသတိပေး

ဗြိတိန်ရှိ ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံတွင် တရုတ်နည်းပညာကုမ္ပဏီများ၏ပါဝင်မှုကို ပြန်လည်သုံးသပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ အမ်အိုင်၆၏ အကြီးအကဲ အဲလက်စ် ယန်းဂါးက ဒီဇင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။

သြစတြေးလျသည် ဖိုက်ဂျီမိုဘိုင်းကွန်ရက်အတွက် တရုတ်ကုမ္ပဏီဟွာဝေးမှ နည်းပညာကိရိယာများအသုံးပြုမှုကိုပိတ်ပင်ထားခဲ့ပြီး နယူးဇီလန်သည်လည်း အလားတူပိတ်ပင်ရန် စဉ်းစားနေပြီဖြစ်သည်။
    ဆက်သွယ်ရေးနည်းပညာများကို တရုတ်က ပိုင်ဆိုင်နေမှုနှင့်ပတ်သက်၍ ပြန်လည်မသုံးသပ်ဘဲမနေသင့်တော့ကြောင်း အဲလက်စ်ယန်းကပြောဆိုခဲ့သည်။ 
ထို့ပြင် ဗြိတိန်ထောက်လှမ်းရေးများသည် နိုင်ငံရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ပြိုင်ဘက်များထက်လက်ဦးမှုရယူနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရန်လိုအပ်နေပြီဖြစ်ကြောင် ယန်းဂါးကပြောဆိုခဲ့သည်။
    ရုရှားသည် ဆိုက်ဘာတိုက်ခိုက်မှုကဲ့သို့ ခြိမ်းခြောက်မှုများကိုပြုလုပ်နိုင်သော်လည်း ရုရှားသည် ဗြိတိန်၏စွမ်းရည်များကို လျှော့မတွက်သင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ 
လွန်ခဲ့သော နှစ်နှစ်မှစ၍ အမ်အိုင်၆ နှင့် အလားတူအဖွဲ့များသည် အိုင်အက်စ်အဖွဲ့၏တိုက်ခိုက်ရန်အစီအစဉ်များကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း ယန်းဂါးကပြောဆိုခဲ့သည်။
    ပြင်သစ်နှင့် ဂျာမနီတို့ကဲ့သို့ မဟာမိတ်နိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို  ကြိုတင်တားဆီးမှုများအပါအဝင် ဥရောပနိုင်ငံများကို လုံခြုံရေးအရကူညီရာတွင် အမေရိကန်ထောက်လှမ်းရေးသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

နည်းပညာကိုကောင်းကောင်းအသုံးချနိုင်ရေးအတွက် အမ်အိုင်၆ သည် စတုတ္ထမျိုးဆက်ထောက်လှမ်းရေးစနစ်ကို ဦးဆောင်ဦးရွက်ဖော်ဆောင်နေကြောင်း ၎င်းကပြောဆိုခဲ့သည်။