ရှေးဟောင်းဂြိုဟ်သိမ်တစ်ခုကို အမေရိကန်အာကာသယာဉ် ပထမဆုံးလေ့လာမည်

ရှေးဟောင်းဂြိုဟ်သိမ်တစ်ခုကို အမေရိကန်အာကာသယာဉ် ပထမဆုံးလေ့လာမည်

ဘန်းနျူအမည်ရှိ ရှေးဟောင်းဂြိုဟ်သိမ်တစ်ခုကို နှစ်နှစ်ဆက်တိုက် ခြေရာခံလိုက်ခဲ့ပြီးနောက် နာဆာအဖွဲ့ပိုင် အမေရိကန်အာကာသယာဉ်တစ်စီးသည် ယင်းဂြိုဟ်သိမ်ကို ပထမဆုံးအကြိမ်စူးစမ်းခွင့်ရတော့မည်ဖြစ်သည်။

စိန်ပွင့်ပုံ ဘန်းနျူဂြိုဟ်သိမ်နှင့် ၁၂ မိုင်(၁၉ ကီလိုမီတာ)အတွင်း စူးစမ်းရေး ရိုဘော့ယာဉ် အိုစီရစ်ရက်က်စ် ရောက်ရှိနေပြီး မည်သည့်အာကာသယာဉ်မျှ မရောက်ရှိသေးသည့် ဘန်းနျူ၏ပတ်လမ်းအတွင်း တိုးကပ်စူးစမ်းသွားမည်ဟု ဆိုသည်။ ဒေါ်လာ သန်း ၈၀ဝ ကုန်ကျသည့်စီမံကိန်းအရ ယင်းအာကာသယာဉ်ကို ၂၀၁၆ ခုနှစ်က ကိပ်ကနေဗာရယ်အငူမှ လွွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်အထိ ခရီးမိုင်ပေါင်း ၁ ဒသမ ၂ ဘီလျံ(ကီလိုမီတာ ၂ ဘီလျံ) ရောက်ခဲ့ပြီဟု ဆိုသည်။
    နာဆာအဖွဲ့ပိုင်အာကာသယာဉ်တစ်စီး အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ခဲ့ပြီးတစ်ပတ်အကြာတွင် ဘန်းနျူဂြိဟ်သိမ်အနီး ချဉ်းကပ်နိုင်ခြင်းဖြစ်သည်။

ဘန်းနျူသည် ကမ္ဘာဂြိုဟ်မှ မိုင် ၇၆ သန်း(ကီလိုမီတာ ၁၂၂ သန်း)ကွာဝေးပြီး ၄င်းမှစကားလုံးတစ်လုံး မြေပြင်ရှိ ကော်လိုရာဒို၊ လစ်တဲန်ရှိ လော့ခ်ဟိမာတင် ထိန်းချုပ်ရေးထံရောက်ရှိရန် ခုနစ်မိနစ်ကြာသည်။
    လော့ခ်ဟိမာတင်ကုမ္ပဏီထုတ် အိုစီရစ်ရက်က်စ်သည် အက်စ်ယူဗွီကားတစ်စီးအရွယ်မျှရှိပြီး ယင်းဂြိုဟ်သိမ်အနီး တစ်နှစ်မျှ တည်ရှိကာ နမူနာများရယူကာ ကမ္ဘာမြေသို့ ၂၀၂၃ အရောက် ပြန်လာမည်ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၄ ဒသမ ၅ ဘီလျံမှ နေအဖွဲ့အစည်း စတင်ခဲ့ကြောင်း အထောက်အထားအဖြစ် ယင်းဂြိုဟ်သိမ်မျိုးမှ ကာဗွန်  ကြွယ်ဝသည့် အရာဝတ္ထုများကို လေ့လာရန် သိပ္ပံပညာရှင်များ စိတ်အားထက်သန်နေကြသည်။
    ဇွန်လတွင် ဂျပန်အာကာသယာဉ်တစ်စီးသည်လည်း ကမ္ဘာဂြိုဟ်နှင့်နီးသည့် ရူဂုဂြိုဟ်သိမ်ထံ ရောက်ရှိခဲ့ပြီး နမူနာများ စုဆောင်းခဲ့သည်။