အောင်သူနှင့် ဆာပိုရိုအပြောင်းအရွှေ့ အသင်းပိုင်ရှင်မသိ

အောင်သူနှင့် ဆာပိုရိုအပြောင်းအရွှေ့ အသင်းပိုင်ရှင်မသိ

မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံအသင်း တိုက်စစ်မှူးအောင်သူကို ဂျေလိဂ်ကလပ် ဆာပိုရိုအသင်းမှ စိတ်ဝင်စားနေသည်ဆိုသော သတင်းများထွက်ပေါ်နေသော်လည်း ယခု အချိန်ထိ တစ်စုံတစ်ရာကမ်းလှမ်းမှုများ ပြုလုပ် လာခြင်းမရှိသေးကြောင်း ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ပြောဆိုခဲ့သည်။

တိုက်စစ်မှူးအောင်သူသည် ပြီးခဲ့သည့် ရာသီက ထိုင်းပရီမီးယားလိဂ်ကလပ် ပူးလ်လစ် တယ်ရိုအသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး ယခုနှစ်ဒီဇင်ဘာလကုန်၌ အငှားစာချုပ်သက် တမ်းကုန်ဆုံးမည်ဖြစ်သည်။ ပူးလ်လစ်တယ်ရို အသင်းမှ အောင်သူကို စာချုပ်သက်တမ်း တိုးမြှင့်ရန် စိတ်ဝင်စားလျက်ရှိသည့်အချိန် တွင် ဂျေလိပ်-၁ကလပ် ဆာပိုရိုအသင်းမှ ၎င်းကိုခေါ်ယူရန် ဒီဇင်ဘာ ၄ ရက်က ရတနာပုံ အသင်းထံ လာရောက်ကာ ဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

"အောင်သူနဲ့ ဆာပိုရိုအသင်းကိစ္စကို ကျွန်တော်လည်းမသိဘူး။ အသင်းပိုင်ရှင် လည်း မသိဘူးလို့ပြောပါတယ်။ ကျွန်တော့် အထင်တော့ အောင်သူကို ဆာပိုရိုကလပ်က တိုက်ရိုက်ဆက်သွယ်တယ်နဲ့တူပါတယ်။ ကစား သမားနဲ့အဆင်ပြေပြီးမှ အသင်းကို တရားဝင် ကမ်းလှမ်းမယ်ထင်တယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေက ကစားသမားဆီကနေတစ်ဆင့် ရတဲ့သတင်းတွေဖြစ်ပါလိမ့်မယ်။ လက်ရှိ အထိတော့ ဆာပိုရိုကလပ်ဘက်က ကျွန်တော် တို့ဆီ ရောက်မလာသလို တစ်စုံတရာကမ်းလှမ်း တာမျိုး မရှိသေးပါဘူး"ဟု ဦးအောင်ဟိန်းခိုင် က ပြောဆိုခဲ့သည်။

ဆက်လက်ပြီး တိုက်စစ်မှူးအောင်သူကို ဆာပိုရိုကလပ်မှ ကမ်းလှမ်းလာခြင်းမရှိသေး သော်လည်း ဂျေလိဂ်-၂ မှ အသင်းတစ်သင်း နှင့် ထိုင်းပရီးမီးယားလိဂ်မှ အသင်းကြီးတချို့က အငှားခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းမှုများ ရှိပြီး အသင်းအမည်များကိုမူ ပြော၍မရသေး ကြောင်း ၎င်းက တစ်ဆက်တည်း ပြောဆို ခဲ့သည်။

ရပ်တည်နိုင်

အောင်သူနှင့်သတင်းထွက်ပေါ်နေသည့် ဆာပိုရိုအသင်းသည် ဂျေလိဂ်အသင်းကြီး တစ်သင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဂျေလိဂှူ်-၁ အမှတ်ပေးဇယားတွင် အဆင့် (၄) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ အဆိုပါအသင်းတွင် ထိုင်းလက်ရွေးစင် နာမည်ကြီးကွင်းလယ် ကစားသမား ချနသစ်ဆောင်ခရာဆင် ကစား နေသည်။



ဖတ်ရှုမှုအများဆုံး