ပြည်ရထားဆိုက်ရောက်စဉ် ကုန်စိမ်းများချရန်အခက်အခဲကြုံ၊ ရထားစီးပြည်သူတွေ အန္တရာယ်ရှိလာနိုင်၍ တာဝန်ရှိသူများ စီစဉ်ပေးသင့်

ပြည်ရထားဆိုက်ရောက်စဉ် ကုန်စိမ်းများချရန်အခက်အခဲကြုံ၊ ရထားစီးပြည်သူတွေ အန္တရာယ်ရှိလာနိုင်၍ တာဝန်ရှိသူများ စီစဉ်ပေးသင့်

ပြည်ရထားဆိုက်ရောက်စဉ် ကုန်စိမ်းများ ချရန်အခက်အခဲဖြစ်ကာ ယခုရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာနေပြီး ခရီးသွားပြည်သူများ အန္တရာယ်ရှိလာနိုင်ကြောင်း၊ ဘူတာတာဝန်ရှိ သူများမှ ဘူတာပလက်ဖောင်းပေါ်တွင်ရောင်းချ နေသော တရားမဝင်ဈေးသည်များကို အပြီးအပြတ်ရှင်းလင်းပေးရန်လိုကြောင်း ဒီဇင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် တညင်း ကုန်းဘူတာတွင်ရောက်ရှိနေကြတဲ့ ခရီးသွားပြည် များက ဝေဖန်ပြောဆိုခဲ့ကြသည်။

"ကုန်ရထားအဝင်မှာကုန်စိမ်းတွေကို ဈေး ဘက်ခြမ်းမှာအတင်အချ ပြုလုပ်မယ်။ လူအတက် အဆင်းကို ဘူတာရုံဘက်ခြမ်းမှာ သတ်မှတ်ပြီး အဆင်းအတက်ကို တာဝန်ရှိသူများက ကြပ်မတ် ပေးမယ်ဆိုရင် ဒီပြဿနာ အဆင်ပြေသွားမှာ ဖြစ်ပါတယ်"ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

ဝင်လေ့ရှိ

ပြည်ရထားတွင် လူစီးကိုးတွဲ၊ ကုန်တွဲ ငါးတွဲပါဝင်ပြီး ၁၁ နာရီ ၅၀ မိနစ် ဝန်းကျင်၌ တညင်းကုန်းဘူတာသို့ ဝင်လေ့ရှိကြောင်း၊ ယင်းရထားတွင် ပဲသီး၊ ဘူး၊ ခရမ်း၊ ကန်စွန်းရွက်နီ၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ချဉ်ပေါင်၊ ဂေါ်ဖီထုပ် ပွင့်၊ သခွားသီး၊ ကျွတ်သီး၊ သံပရာ၊ ဖရုံ၊ ငရုတ် သီးစိမ်း၊ ငှက်ပျောစသော ကုန်များနေ့စဉ်တညင်း ကုန်းဘူတာသို့ အဝင်ရှိနေကြောင်း သိရသည်။

အခက်အခဲကြုံ

သို့သော်ရထားရပ်ချိန်နားချိန်မှာ နာရီ ဝက်သာ အချိန်ရသဖြင့် ကုန်များကို အဆင် ပြေသည့်ဘက်မှာ တင်ချလုပ်နေရကြောင်း၊ ထိုသို့လုပ်စဉ် ပလက်ဖောင်းပေါ်ရှိ အတက် အဆင်းခရီးသည်များနှင့် ဈေးသည်ဗန်းများ ကြောင့် ကုန်များသယ်ပိုးထုတ်ရာတွင် အခက် အခဲကြုံနေကြောင်း သိရသည်။

တညင်းကုန်းဘူတာတွင် အလုပ်လုပ်ကြ သော မှတ်ပုံတင်ကုန်တင်ကုန်ချအလုပ်သမား ၁၀ဝ ကျော်ရှိကြောင်း၊ ပြင်ပအလုပ်သမား ၁၀ဝ ကျော်ရှိကြောင်း၊ ၎င်းတို့၏နေ့စဉ်လုပ် အားခ ဝင်ငွေမှာ တစ်ရက်ပျမ်းမျှ ကျပ် ၅çဝ၀ဝ ခန့်သာရှိကြောင်းသိရသည်။

လှော်ကားရထားပိတောက် (၄) သည် စက်မှုဇုန်ဘူတာမှထွက်ခွာလာပြီး တညင်း ကုန်းဘူတာအမှတ် (၃) စင်္ကြံသို့အဝင် နိုဝင် ဘာ ၂၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့် က တွဲဆိုင်းတစ်ခုမှရေပိုက်ပေါက်ပြီး စင်္ကြံတွင် ရပ်နေသောခရီးသည်နှင့်ဈေးသည်များအား ရေနွေးပူများထိမှန်ခဲ့ရာ ထိမှန်ခံရသည့်ခရီး သည် ခုနစ်ဦးသည် အပူလောင်ဒဏ်ရာများ ရရှိပြီး အင်းစိန်ဆေးရုံတင်ပို့ ကုသထားရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး