သိန်းခုနစ်ထောင်ကျော်ဖိုး အိုက်စ်များ ဖမ်းမိ

သိန်းခုနစ်ထောင်ကျော်ဖိုး အိုက်စ်များ ဖမ်းမိ

မိုင်းပျဉ်းမြို့နယ်တွင် သိန်း ၇,၅၀ဝ တန်ဖိုးရှိ အိုက်စ်(မူးယစ်ဆေးဝါး)များကို သက်ဆိုင်ရာက ဒီဇင်ဘာ ၃ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့သည်။ 

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ကွန်ဟိန်းမြို့နယ်၊တာကော်တံတားအနီးရှိ စားသောက်ဆိုင်ရှေ့တွင် ထွန်းထွန်းမင်း(၄၀ နှစ်) မောင်းနှင်လာသည့် Nissan ၁၂ ဘီးမော်တော်ယာဉ်ကို မူးယစ်သတင်းအရ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေခဲ့သည်။ 
ယာဉ်၏ လေကာအံဝှက်အတွင်းရှိ စက္ကူဖာအတွင်းအိုက်စ် ၃၀ ကီလိုကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။