တစ်လကြာ  မူးယစ်ဆေးဖြတ်စခန်း တမူး  သို့မဟုတ်  ပင်လည်ဘူးမြို့တွင်ဖွင့်လှစ်ရန် လူငယ်များတွေ့ဆုံပွဲ၌  ဆွေးနွေးသဘောတူခဲ့

တစ်လကြာ  မူးယစ်ဆေးဖြတ်စခန်း တမူး  သို့မဟုတ်  ပင်လည်ဘူးမြို့တွင်ဖွင့်လှစ်ရန် လူငယ်များတွေ့ဆုံပွဲ၌  ဆွေးနွေးသဘောတူခဲ့

စစ်ကိုင်းတိုင်းဒေသကြီး တမူး သို့မဟုတ် ပင်လည်ဘူးမြို့ တစ်မြို့မြို့တွင် တစ်လကြာ မူးယစ်ဆေးဖြတ်စခန်းဖွင့်လှစ်ဆောင်ရွက်သွား ရန် စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကရေးဆွဲအဆိုပြုထားသော စစ် ကိုင်းတိုင်း လူငယ်ရေးရာလုပ်ငန်းစီမံချက် ၂၀၁၉ ခုနှစ်တွင်လူငယ်များသဘောတူ ထည့် သွင်းရေးဆွဲထားကြောင်း စစ်ကိုင်းတိုင်းလူငယ် ရေးရာကော်မတီအတွင်းရေးမှူး ကိုဝေမိုးနိုင် ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီက ဦးစီးကျင်းပသည့်စစ်ကိုင်းတိုင်း ဒေသကြီးလူငယ်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၈ ခုနှစ်ကို နာဂဒေသအပါအဝင်စစ်ကိုင်းတိုင်း ဒေသကြီးမြို့နယ် ၃၇ မြို့နယ်မှလူငယ်ကိုယ် စားလှယ်ဦးရေ ၁၈၀ ကျော်ဖြင့် ဒီဇင်ဘာ ၁ ရက် နှင့် ၂ ရက်တို့တွင်ကျင်းပ၍ ၂၀၁၉ ခုနှစ်လုပ်ငန်းစီမံချက်အချက် ၂၀ ကို လူငယ် များဝိုင်းဝန်းဆွေးနွေးကာ အတည်ပြုနိုင်ခဲ့သည်။

"လူငယ်တွေအားလုံး သဘောတူတယ်လို့ အတည်ပြုပြီးတဲ့ အချက် ၂၀ ပါတဲ့လုပ်ငန်း စီမံချက်အား စစ်ကိုင်းတိုင်းအစိုးရကို တင်ပြပြီး ၂၀၁၉ ခုနှစ်အတွင်း အပြီးဆောင်ရွက်နိုင် အောင် တွန်းအားပေးရင်းဆောင်ရွက်သွားမှာပါ။ အဲဒီဆွေးနွေးသဘောတူထားတဲ့အချက် ၂၀ ထဲမှာ တမူး ဒါမှမဟုတ် ပင်လည်ဘူး တစ်မြို့ မြို့မှာ တစ်လကြာ မူးယစ်ဆေးဖြတ်စခန်း ဖွင့်ဆောင်ရွက်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ လူငယ်ရေးရာကော်မတီကပါဝင်ဆောင်ရွက်ပေးဖို့ရှိပါတယ်။ မုံရွာမှာရှိ တဲ့တက္ကသိုလ်တွေမှာ အားကစားသင်တန်း တွေဖွင့်ပြီးပြိုင်ပွဲတွေလုပ်ပေးနိုင်ဖို့နဲ့ သက်မွေးသင်တန်းကျောင်းတွေနဲ့ချိတ်ဆက်ပြီး နည်း ပညာနဲ့သက်မွေးသင်တန်းလူငယ်တွေကို ပို့ချ တဲ့နေရာမှာ ပထမခြောက်လအတွင်း နှစ်မြို့၊ ဒုတိယခြောက်လအတွင်း နှစ်မြို့ သင်တန်း ပို့ချဖို့စီမံချက် ၂၀ ထဲပါပါတယ်"ဟု ကိုဝေမိုး နိုင်က ရှင်းပြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး