မော်လမြိုင်မြို့တွင် ဆိုင်ကယ်တစ်စီးနှင့်မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၅ ရက်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါနေ့ သန်းခေါင်ကျော် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မော်လမြိုင် မြို့နယ်၊ စစ်ကဲ ကုန်းရပ်ကွက် ဗဟိုလမ်းမကြီး ကျိုးက်သုတ်စေတီတော် ရှေ့အရောက်တွင် ရွှေမြိုင်သိရိရပ်ကွက်နေ ကျော်သက်အောင် (ခ) ကျော်သက်၊ (၁၉)နှစ်၊ နှင့် သက်ပိုင်လင်း(ခ)နေလင်းပိုင်တို့(၂)ဦးကို နံပါတ်ပါ Honda Wave 100 NCX အမျိုးအစား၊ ငှက်ခါးရောင် ဆိုင်ကယ်(၁)စီးနှင့်အတူမ သင်္ကာဖွယ် တွေ့ရှိသဖြင့် မော်လမြိုင်ခရိုင်မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ဝင်းအောင်ဦးစီးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။
၎င်းတို့နှစ်ဦးနှင့်အတူ ပါလာသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားပြသနိုင်ခြင်းမရှိသဖြင့် သက်ဆိုင်ရာသို့ ပို့အပ်ကာ ဆက်လက်စစ်ဆေးခဲ့သည်။
မော်လမြိုင်မြို့မရဲစခန်းက (ပ)၁၅၀၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉ /၅၄ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















