သန်လျင်မြို့နယ် ကုလားဝဲကျေးရွာမြစ် ဆိပ်၌ ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်အတွက် ၎င်း၏မိသားစုဝင်များက ဒီဇင်ဘာ ၁ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် သတင်းစာ ဆရာအသင်းရုံးခန်း၌ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
သွေးကွက်များတွေ့
သန်လျင်မြို့နယ် ကုလားဝဲမြစ်ဆိပ်တွင် ရေလုပ်ငန်းလုပ်ကိုင်သည့် ကိုကျော်လတ် (၃၅) နှစ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းကတည်းက ပျောက်ဆုံးနေပြီး ၎င်းအိပ်ခ့ဲသောနေရာတွင်သွေးကွက်များတွေ့ခဲ့ရကာ ယနေ့အချိန်အထိ ရှာမတွေ့ သေးဘဲ ပျောက်ဆုံးနေကြောင်းကို ကျော်လတ်၏မိသားစုဝင်များက ပြောဆိုသည်။
ထုရိုက်သံများကြား
ကိုကျော်လတ်မပျောက်ဆုံးမီ တစ်ပတ်ခန့် က အမျိုးသားတစ်ဦးနှင့် စကားများရန်ဖြစ် ခဲ့ပြီး အဆိုပါအမျိုးသားက ကိုကျော်လတ်အား အသက်အန္တရာယ်ခြိမ်းခြောက်သည့်စကား များ ပြောခဲ့ကြောင်း၊ ကိုကျော်လတ်မပျောက်ဆုံးမီညပိုင်းက ၎င်းအိပ်နေသည့် ပတ်ဝန်း ကျင်တွင် ထုရိုက်သံများကြားရပြီး အမျိုးသား သုံးဦးကို တွေ့ခဲ့သည့် မျက်မြင်သက်သေများ ရှိခဲ့ကြောင်း သိရသည်။
ယနေ့တိုင်မထူးခြား
အဆိုပါဖြစ်စဉ်ကို သက်သေများနှင့်တကွ သန်လျင်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်း က လူပျောက်မှု ပုဒ်မ ၃၀၈ ဖြင့်အမှုဖွင့်ထားသော်လည်း ယနေ့တိုင်ထူးခြားမှုမရှိသေး သောကြောင့် အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်ပေးပါရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။















