ယင်းမာပင်မြို့နယ်တွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို တစ်ရွာတည်းနေ အသက် ၃၅ အရွယ်အမျိုးသားက သားမယား ပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဒီဇင်ဘာ ၅ ရက်တွင် အမှုဖွင့် စစ်ဆေးခဲ့သည်။
အဆိုပါနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ယင်းမာပင်မြို့နယ်၊ မောက်သရက် (ရှေ့) ရွာနေ အမျိုးသား နေအိမ်တွင် ရှိနေစဉ် ၎င်းနှင့်အတူနေထိုင်သည့် ညီမဖြစ်သူက မောက်သရက် (မြောက်) ရွာ၌ မိခင်နှင့်အတူနေထိုင်သူ အသက် ၉ နှစ်အရွယ် ညီမငယ်နှင့် မောင်တို့ထံသို့ ဆန်သွားပို့ခဲ့သည်။
ထိုသို့သွားပို့စဉ် အသက် ၉ နှစ်အရွယ် ညီမဖြစ်သူအား မသင်္ကာဖွယ်တွေ့ရ၍ မေးမြန်းရာ ဒီဇင်ဘာ ၄ ရက် ည ၇ နာရီ၌ နေအိမ်တွင် မောင်ဖြစ်သူ နှင့်အတူအိပ် နေစဉ် မောက်သရက် (ရှေ့)ရွာနေ ကျော်ဝင်းဌေး၊ ၃၅နှစ်၊ ရောက်လာပြီး သားမယား အဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့ကာ ည ၁၀ နာရီ အချိန် နေအိမ်မှ ပြန်သွားကြောင်းပြောပြ သိရသောကြောင့် အရေးယူပေး ရန်တိုင်ကြားခဲ့သည်။
ယင်းမာပင်မြို့မရဲစခန်း(ပ)၂၅၄/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်၍ ကျော်ဝင်းဌေးကို ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။

















