အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် ပြီးဆုံးရေးအခြေအနေ

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် ပြီးဆုံးရေးအခြေအနေ

ဗျူနို့စ်အေးရိစ်မြို့မှာ ကျင်းပတဲ့ ဂျီ”၂၀ ထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆွေးနွေးခဲ့တာအပေါ် သုံးသပ်မှုကတော့ ကမ္ဘာ့စီးပွားရေးနဲ့ ငွေကြေးဈေးကွက်တွေအတွက် သေမြေကြီး ရှင်ရွှေထီးပုံစံပဲလို့ ဆိုကြတယ်။ ဒီ ထိပ်သီး ညီလာခံမှာ သဘောတူညီမှုမရရှိခဲ့ရင်တောင် အမေရိကန်” တရုတ် အခွန်စစ်ပွဲအရှိန် မြင့်တက်နေရာမှ လျော့ကျဖို့ မျှော်လင့်နိုင်စရာ အကြောင်းရင်းလေးခုထက်မနည်း ရှိနေတာပဲဖြစ်တယ်။

ပထမအကြောင်းကတော့ ဝိရောဓိ ဖြစ်စဉ်အရ အမေရိ ကန်နိုင်ငံက အလုပ်အကိုင်တွေကို အာရုံစူးစိုက်တဲ့ အမေရိကန်ရဲ့ လေလုံးထွားမှုတွေကနေ ပြောင်းလဲပြီး အမေရိကန်ရဲ့ တစ်ကမ္ဘာလုံးကို ကြီးစိုးလွှမ်းမိုးမှုကို စိန်ခေါ်နိုင်တဲ့ နည်းပညာသြဇာ တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးလာ မယ့်အရေး တားဆီးဖို့နဲ့ တရုတ်လိုလားတဲ့ ရည်မှန်းချက် တွေကို ထိန်းချုပ်ဖို့ ပွင့်လင်းစွာ ပြောဆိုလာတာပဲဖြစ်တယ်။

တရုတ်နိုင်ငံကို ကန့်သတ်ထိန်းချုပ်မှု မခံရရေးအတွက် သမ္မတ ရှိကျင့်ဖျင်ဟာ ရုန်းကန်နေရတာကို သိလာပြီးတဲ့ နောက်မှာ ရှီအနေနဲ့ စစ်အေးတိုက်ပွဲ (၂ ဒသမ ဝ) ရဲ့ အပြန်အလှန်အလှန် ပုတ်ခတ်ငြင်းခုန်တဲ့ အဖွင့်ပွဲကို ရှုံးသွားဖို့ မဖြစ်နိုင်ဘူးဆိုတာကို ရှီသဘောပေါက်တယ်။

အမေရိကန် အခွန်စည်းကြပ်မှုတွေ တရုတ်ရဲ့ စီးပွားရေးအပေါ် ဆိုးဆိုးရွားရွား မဖြစ်စေဖို့ ရှီမှာ မူဝါဒအရ ကိရိယာ တန်ဆာပလာတွေ အများကြီးရှိတယ်။ ဒီ အခွန်အတုတ်တွေဟာ တရုတ်ရဲ့ ထုတ်ကုန်တွေ လျော့သွားရာမှာ ဖြစ်ပေါ်လာမယ့် စီးပွားရေးသက်ရောက်မှုကို ခုနှိမ်ဖို့ အစိုးရနဲ့ ဗဟိုဘဏ်တို့ ပြည်တွင်းလိုအပ်မှုကို လှုံ့ဆော်ပေးလို့ရတယ်။

ဒီနှစ်မှာ တရုတ်ရဲ့ စီးပွားရေးကြီးထွားမှု နှေးသွားတာဟာ ဘဏ်လုပ်ငန်းကို တမင်အရှိန်အဝါ လျော့အောင်လုပ်တဲ့ ဆုံးဖြတ်ချက်တွေ၊ ဒေသတွင်း အစိုးရတွေရဲ့ ငွေချေးယူတာ တွေကို ဖြတ်တောက်တာ၊ အခြေခံအဆောက်အအုံတို့တွင် ရင်းနှီးမြှုပ်နှံမှု လွန်ကဲတာကို လျှော့ချတာနဲ့ တစ်ရှိန်ထိုး တက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို ထိန်းဖို့ ငွေကြေး မူဝါဒကို တင်းကျပ်တာတွေကြောင့်လို့ ဆိုနိုင်တယ်။ ဒီလို ခြိုးခြံတဲ့ မူဝါဒတွေအားလုံးကို လွယ်ကူစွာဖြေလျှော့ဖို့၊ ဒါမှမဟုတ် ပြောင်းပြန်လုပ်လို့ရတယ်။

စီးပွားရေးမူဝါဒကို တင်းကျပ်ရာမှ လှုံ့ဆော်ပေးလိမ့် မယ်လို့ တရုတ်အစိုးရရဲ့ လိုလိုလားလား ပြောင်းပစ်ဖို့နဲ့ ပတ်သက်လို့ သံသယရှိသူတွေဟာ လွန်ခဲ့တဲ့ရက်သတ္တပတ် တွေမှာပဲ ပပျောက်သွားခဲ့တယ်။ မူဝါဒရေးဆွဲသူတွေကအစ သမ္မတ ရှီအထိ ပြနေတာကတော့ လာမယ့်နှစ်မှာ စီးပွားရေးဆက်လက် အားနည်းတာကို တရုတ်က ဘတ်ဂျက်လိုငွေကို လက်ခံတာ၊ ဒါမှမဟုတ် ဘဏ်တွေ အရှိန်အဝါနည်းတာကို လျှော့ပေါ့ပေးတာနဲ့ ငွေကြေး တင်းကျပ်မှုလုပ်နေတဲ့ကြားက ခွင့်ပြုမှာမဟုတ်ဘူး။ ဒီ မူဝါဒပြောင်းလဲဖို့ကို မျှော်လင့်ထားရမယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်လက ကျွန်တော်ငြင်းခုံခဲ့တယ်။ စစ်ပွဲနဲ့ရင်ဆိုင်နေရတဲ့ အစိုးရတွေဟာ ြွေကးမြီကနေ ွီဏ အချိုးတွေ၊ သို့မဟုတ် ဘဏ်ငွေစာရင်းရှင်းတမ်းတွေကို မပူဘူး။

ဒုတိယအကြောင်းကတော့ တရုတ်နိုင်ငံရဲ့စီးပွားရေး နောက်ထပ် နှေးကွေးလာတာကို ကာကွယ်ဖို့ သမ္မတရှီရဲ့ အရည်အသွေးနဲ့ လိုလားမှုတို့ ရှင်းရှင်းလင်းလင်း ဖြစ်လာတဲ့အခါ သမ္မတ ထရမ့်ရဲ့ နိုင်ငံရေးအတွက် အချက်ဟာ ပြောင်းလာမယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲမတိုင်မီ တရုတ်ကုန်သွယ်မှုနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်က ]အနိုင်ကြီးနိုင်ချင်တယ်}ဆိုပြီး ြွကားချင်ရင် သူဟာ သမ္မတရှီနဲ့ မြန်မြန်ဆန်ဆန် သဘောတူညီမှုရဖို့ လိုလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ကုန်သွယ်ရေး စစ်ပွဲရဲ့ နောက်တစ်ဆင့် အခွန်တွေကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ကာ တရုတ်သွင်းကုန်တွေ အားလုံးအပေါ် တိုးကောက်ခဲ့တယ်ဆိုရင် လက်ရှိ လုပ်ရပ်ထက် လေလုံးထွားတဲ့ အတုအယောင်စစ်ပွဲထက် အမေရိကန် မဲဆန္ဒရှင်တွေ ပိုပြီး မနှစ်သက်ဘဲ အမေရိကန်စီးပွားရေး အလားအလာတွေအပေါ် ပိုပြီးထိခိုက်နိုင်တယ်။

အမေရိကန် စီးပွားရေးအတွက် အဓိကအန္တရာယ်ဟာ  လယ်သမားတွေအပေါ် တရုတ်ရဲ့ လက်တုံ့ပြန်မှု၊ သို့မဟုတ်ကုမ္ပဏီကြီးတွေမှ လာချင်လည်းလာမယ်၊ မလာချင်းလည်း မလာဘူး။ ဒါပေမဲ့ ဘောဂဗေဒပညာရှင် ကိန်းရဲ့အယူ အဆအရ (နိုင်ငံရဲ့စီးပွားရေးကို ငွေကြေးနဲ့ အခွန်မှ တစ်ဆင့် အစိုးရကထိန်းချုပ်တဲ့) သက်ရောက်မှုမှ လာမှာ ဖြစ်တယ်။ အမေရိကန် အခွန်စည်းကြပ်မှုတွေဟာ တရုတ် ထုတ်ကုန်တင်ပို့သူတွေအပေါ် အခွန်ကောက်ပြီး အမေ ရိကန်မှာ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုတဲ့ သမ္မတ ထရမ့် ယုံကြည်တာဟာ စီးပွားရေးကျဆင်းမှုနဲ့ လူအများ အလုပ်အကိုင်မရှိတဲ့အခါမှာတော့ ကျိုးကြောင်းညီညွတ် လိမ့်မယ်။ ဒါပေမဲ့ အခုအချိန်မှာ အမေရိကန်စီးပွားရေး ဟာ အလုပ်အကိုင်အပြည့်နဲ့ လည်ပတ်နေရင် တရုတ် သွင်းကုန်တွေနဲ့ အစားထိုးဖို့ ပြည်တွင်းထုတ်လုပ်မှုအတွက် သိသာတဲ့ အခွင့်အလမ်းမရှိဘူး။ အဓိပ္ပာယ်ကတော့  အခွန်ရဲ့ကုန်ကျမှုတွေဟာ အမေရိကန် စားသုံးသူတွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ်သာ ကျရောက်မှာဖြစ်ပြီး တရုတ် စီးပွားရေးလှုပ်ရှားမှုနဲ့ အလုပ်အကိုင်တွေကို ထိမှာထက် အမေရိကန် ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်း တွေတက်လာမှာဖြစ်တယ်။

တတိယအကြောင်းကတော့ သမ္မတထရမ့်နဲ့ အရင်က ပထဝီနိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေက ရှင်းလင်း တဲ့အစဉ်အလာတွေအရ စောစီးစွာ အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းတယ်။ သူ့ရဲ့ကြီးမားတဲ့ သံတမန်ရေးရာ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ မက္ကဆီကိုနယ်စပ် အုတ်တံတိုင်းကိစ္စနဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို ပြင်ဆင်ခြင်းစတဲ့ ကိစ္စတွေမှာ သမ္မတထရမ့်ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ စစ်ခင်းတဲ့အခြေအနေ မရောက်ရုံတမည် ရန်လိုတဲ့ လေလုံးမိုးလုံးတွေကို မြှင့်တင်ကာ ရုတ်တရက် ပရိယာယ် ဆင်တဲ့ ဆုတ်ခွာမှုအတွက် ဆွေးနွေးညှိနှိုင်းတတ်တယ်။ မကြာသေးခင်ကဖြစ်ခဲ့တဲ့ မမျှော်လင့်တဲ့ ကိစ္စတစ်ခုကတော့ တစ်စည်ကို ဒေါ်လာ ၈၀ အထက်ရောက်နေတဲ့ ရေနံဈေး မြင့်တက်တာကို ကျလာအောင် အီရန်နိုင်ငံအပေါ် အရေးယူထားမှုတွေကို ဖြေလျှော့လိုက်တာပဲဖြစ်တယ်။

"ကျယ်လောင်စွာအော်ပြီး အလံဖြူကို ကိုင်ထားပါ"လို့ ကျွန်တော်က သမ္မတထရမ့်ရဲ့  ညှိနှိုင်းဆွေးနွေးမှုကို ခေါ်တယ်။ ဗလုံးဗထွေးနဲ့ မဖြောင့်မတ်တဲ့ သူ့နည်းဟာ အမေရိကန်နိုင်ငံအတွက် အကျိုးရှိချင်မှရှိမယ်။ ဒါပေမဲ့ သူ့အတွက်ကတော့ အထူးပဲအောင်မြင်တယ်။ အမာခံ အမျိုးသားစိတ်ဓာတ်ရှိသူတွေ လှုံ့ဆော်ပေးသလို တစ်ခါတည်းမှာ အမေရိကန် မဲဆန္ဒရှင်တွေအတွက် ဆုံးရှုံးမှုတွေကို ဖြစ်စေမယ့် စစ်ရေး၊ သို့မဟုတ် စီးပွားရေး အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်။

ဂျီ”၂၀ ထိပ်သီးညီလာခံမှာ သဘောတူညီမှုရခဲ့ရင် လည်း ဒီပုံစံအတိုင်းပဲထပ်တူဖြစ်ဖို့ရှိတယ်။ ဒါတင် မကဘူး။ အာဂျင်တီးနားမှာ ယိုယွင်းမှုဖြစ်သွားနိုင်ကာ တရုတ် အခွန်စည်းကြပ်မှုအပေါ် ဆန့်ကျင်မှု ခဏတာ ကြာပြီးရင် လအနည်းငယ်၊ သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အကြာမှာ နောက်တစ်ကြိမ် ထရမ့်”ရှီ ထိပ်သီးညီလာခံ ထပ်လာမယ်။ နောက်ပြီး ]အောင်မြင်တဲ့  ဆုတ်ခွာမှု} ဖြစ်လာလိမ့်မယ်။ ၁၉၄၀ ပြည့်နှစ်၊ ဇွန်လက ဗြိတိသျှတပ်တွေ ဒန်းကတ်မှ ဆုတ်ခွာတာကို အောင်မြင်မှုကြီး တစ်ခုလိုမြင်ခဲ့သလိုပေါ့။

နောက်ဆုံးအချက်ကတော့ အမေရိကန်”တရုတ် ပဋိပက္ခရဲ့ စောစီးတဲ့အဆင့်မှာ သမ္မတရှီက ရှုံးလို့မဖြစ်သလို သမ္မတထရမ့် ရှုံးသွားတဲ့အမြင်မျိုးမရှိတဲ့ အဓိပ္ပာယ် မျိုးဆောင်ရမယ်။ သရေကျတာ၊ သို့မဟုတ် အပစ်အခတ် ရပ်စဲတာဟာ တရုတ်အတွက် လုံးဝလက်ခံနိုင်စရာ ဖြစ်သလို အရင်အတွေ့အကြုံအရ သမ္မတထရမ့်လည်း ကျေနပ်သွားမယ်။ တကယ်ဖြစ်လာနိုင်စရာ အကြောင်း ရှိတဲ့ လျှော့ပေါ့မှုတွေနဲ့ သမ္မတရှီက လုပ်လိုတဲ့ဆန္ဒ တွေကြောင့် သမ္မတထရမ့်အနေနဲ့ သူ့အတွက် ချီးကျူး ဂုဏ်ပြုခံရတာတွေ ဖြစ်လာနိုင်တယ်။ "ကုန်သွယ်မှုမှာ တစ်ဖက်စောင်းနင်းဖြစ်တဲ့ ပမာဏ၊ မူပိုင်ခွင့်ဥပဒေတွေ အမေရိကန် ကုမ္ပဏီကြီးတွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေ အတွက် ဈေးကွက် နောက်ထပ်ဖွင့်ပေးတာတွေ စတဲ့ ကိစ္စတွေမှာပေါ့"။

ဒီနှစ်မှာတရုတ်ရဲ့ စီးပွားရေးကြီးထွားမှုနှေးသွားတာဟာ ဘဏ်လုပ်ငန်းကို တမင်အရှိန်အဝါလျော့အောင်လုပ်တဲ့ ဆုံးဖြတ်ချက်တွေ၊ ဒေသတွင်း အစိုးရရဲ့ငွေချေးယူတာတွေကို ဖြတ်တောက်တာ...

တကယ်တော့ ဒီနှစ် စောစောပိုင်းက အမေရိကန်က တင်ပြတဲ့ ကုန်သွယ်မှုတောင်းဆိုချက် ၁၄၂ ခုမှာ အကြမ်းဖျင်းအားဖြင့် တရုတ်က ၄၀ ရာခိုင်နှုန်းသာ လက်ခံနိုင်တယ်ဆိုတာကို တရုတ်က သဘောတူလက်ခံထားပြီးဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ် ၄၀ ရာခိုင်နှုန်းကို ညှိနှိုင်းဆွေးနွေးနိုင်သေးတယ်။ တရုတ်နိုင်ငံက လုံးဝ ညှိနှိုင်းမှု မလုပ်တာကတော့ ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့  နည်းပညာနဲ့ စက်မှုဆိုင်ရာ ထောက်ပံ့ငွေတွေပဲဖြစ်တယ်။ ဒီ ၂၀ ရာခိုင်နှုန်းထဲမှာ ရန်လိုတဲ့ တရုတ်မကြိုက်တဲ့သူတွေ လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့တဲ့ မူဝါဒအများပါဝင်တယ်။ ဒီမူဝါဒတွေဟာ ဒီရာစုရဲ့ တစ်ဝက်လောက်မှာ အမေရိ ကန်ရဲ့ နည်းပညာနဲ့ စစ်ရေးဆိုင်ရာကြီးစိုးမှုကို တရုတ်က စိန်ခေါ်လာနိုင်တယ်။

သမ္မတထရမ့်ကရော ၂၀၂၀ ပြည့်နှစ်အလွန် ဖြစ်မယ့် ကိစ္စကို တကယ်အရေးစိုက်မှာလား။ ၂၀၂၀ ပြည့်နှစ်မှာ သူဟာ အမေရိကန် မဲဆန္ဒရှင်တွေနဲ့ ရင်ဆိုင်ရမှာကို သမ္မတထရမ့်က ဂရုစိုက်တယ်ထားဦး ဒီလောက်မကြာမီမှာ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုဟာ ပြီးဆုံးသွားမှာဖြစ်တယ်။ ါ 

(ဤဆောင်းပါးသည် Anatole Kaletsky  ၏အာဘော်သာ ဖြစ်သည်။ သူသည်Times of London, the International New York Times နှင့် Financial Times တို့၏ ပင်တိုင် ဆောင်းပါးရှင်ဟောင်းတစ်ဦးဖြစ်ပြီးCapitalism 4.0, The Birth of a New Economy   စာအုပ်ရေးသားခဲ့ပြီး ၁၉၈၅ ခုနှစ်ကထုတ်ဝေခဲ့သည့် Costs of Default  စာအုပ်သည် လက်တင်အမေရိကန်နှင့် အာရှအစိုးရတွေ၊ ဘဏ်တွေနဲ့IMFတို့နှင့် ြွေကးမြီပျက်ကွက်မှုများနှင့် ပြန်လည်ဖွဲ့စည်းမှုများမှာ သြဇာညောင်းတဲ့ သင်ပုန်းကြီးဖြစ်ခဲ့သည်။ ယခု ဆောင်းပါးမှာ အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနို့စ်အေးရိစ်တွင်ကျင်းပသည့် ဂျီ”၂၀ ခေါ် စက်မှုနိုင်ငံ ၂၀ အစည်းအဝေးမတိုင်မီက ကြိုတင်ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။)(Project Syndicate)