ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်

ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမတွင် ဒီဇင်ဘာ ၁၂ ရက်၌ စတင် ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်အစည်း အဝေး တက်ရောက်နိုင်ရေးအတွက် ရှမ်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ် ကြားထားပြီးဖြစ်သည်။

"ဒီဇင်ဘာ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အစည်း အဝေးက ပုံမှန်ကတော့သုံး၊ လေးရက်ပါပဲ။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပြုလုပ် သွားမှာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် လွှတ် တော်ရုံးမှ ဦးစီးအရာရှိ ဦးစိုးထိုက်က ပြော ဆိုသည်။

"မှတ်တမ်းထားရှိ"

"ပြီးခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ယခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါ အစည်း အဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃၂ ဦးက ကြယ်ပွင့်ပြမေးခွန်း ၇၃ ခု မေးမြန်း ခြင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြေကြား ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုလေးခု တင်သွင်းရာအဆိုသုံးခုကို အတည်ပြုနိုင်ခဲ့ သည်။ လိုင်စင်မဲ့ယာဉ်များအား အခြား နည်းလမ်းတစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ပြုလုပ် ပေးရေး ပြည်ထောင်စုအစိုးရထံ တင်ပြပေး ပါရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်၌ မှတ်တမ်း အဖြစ်သာ ထားရှိခဲ့ကြောင်း သိရသည်။

""အခုကျင်းပမယ့် ရှမ်းပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတော့ နမ့်စန်လေယာဉ်ကွင်းကို မြို့ပြလေကြောင်း လိုင်းအဖြစ် ဆင်းသက်ခွင့်နဲ့ ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသွားပါမယ်။ အဆို အနေနဲ့တော့ တင်သွင်းဖို့မရှိပါဘူး"ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် နမ့်စန်မြို့နယ် မဲဆန္ဒနယ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်း အောင်ဆွေက ပြောဆိုသည်။

"မေးခွန်းမေးမြန်းရန်ရှိ"

ထို့အတူ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းမွန်းလိန်ကလည်း မိုးနဲမြို့ သမိုင်းဝင် စေတီ ဘုရားပုထိုးများအား ထိန်းသိမ်းစောင့် ရှောက်ရေးနှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းရန်ရှိကြောင်းကိုလည်း ၎င်းကပြောဆို ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး