အရင်းမပျောက် ရန်ပုံငွေအား မလှိုင်ကျေးရွာသုံးရွာ၌ထုတ်ချေး

အရင်းမပျောက် ရန်ပုံငွေအား မလှိုင်ကျေးရွာသုံးရွာ၌ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် အရင်းမပျောက် ရန်ပုံငွေအား ကျေးရွာသုံးရွာ၌ ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၅ ရက် နံနက်၁၁ နာရီက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုလုပ်ငန်းများနှင့် အရောင်းအဝယ် လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက် လည်ပတ်ရန်ပုံငွေအား မလှိုင်မြို့နယ် ရေထွက်အုပ်စု သဘွတ်ကုန်းကျေးရွာ၊ သပြေပင်အုပ်စု မြေခြား

ကျေးရွာနှင့် မုရိုး အုပ်စု ကျွဲချောင်းကျေးရွာများအတွက် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ် ရေထွက်အုပ်စု သပြေပင်ကျေးရွာတွင် စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ မွေးမြူရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် စုစုပေါင်းလူဦးရေ ၁၃၃ ဦးအား ကျပ် ၄ç၂၇၀ဝçဝ၀ဝ ကိုလည်းကောင်း၊ မုရိုးအုပ်စု ကျွဲချောင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများအတွက် လူဦးရေ ၁၂၁ ဦးအား ငွေကျပ် ၃၄,၄၀ဝ,ဝ၀ဝ ကိုလည်းကောင်း၊ သပြေပင်အုပ်စု မြေခြားကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လက်မှုလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများအတွက် လူဦးရေ ၁၁၄ ဦးအား ငွေကျပ် ၄၂,ဝ၀ဝ,ဝ၀ဝ ကိုလည်းကောင်း စုစုပေါင်း ကျေးရွာသုံးရွာအား မြစိမ်း ရောင် အရင်းမပျောက် ရန်ပုံငွေကျပ် ၁၁၉,၁၀ဝ,၀၀ဝ ကို ထုတ်ချေးပေး ခဲ့ကြောင်း မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်

မြစိမ်းရောင် အရင်းမပျောက်ရန်ပုံငွေအား ကျေးရွာသုံးရွာသို့ ကွင်းဆင်းထုတ်ချေးခြင်းကို မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာများသို့ ကွင်း ဆင်းဆောင်ရွက်ပေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး