အမေရိကန်ကအလိုရှိနေသည့် ဟွာဝေးဒုဥက္ကဌကို ဖမ်းဆီးမှု နိုင်ငံရေးရည်ရွယ်ချက်မပါကြောင်း ကနေဒါဝန်ကြီးချုပ်ပြောဆို

အမေရိကန်ကအလိုရှိနေသည့် ဟွာဝေးဒုဥက္ကဌကို ဖမ်းဆီးမှု နိုင်ငံရေးရည်ရွယ်ချက်မပါကြောင်း ကနေဒါဝန်ကြီးချုပ်ပြောဆို

အမေရိကန်က လွှဲပြောင်းပေးရန်တောင်းဆိုထားသည့် ဟွာဝေးဒုတိယဥက္ကဌနှင့် ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုကို ဖမ်းဆီးခဲ့ခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်မပါကြောင်း၊ ကနေဒါသည် လွတ်လပ်သည့်တရားစီရင်ရေးစနစ် ရှိသည့်နိုင်ငံတစ်ခုအဖြစ် အာမခံကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ပြောဆိုခဲ့သည်။

တရုတ်ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးတည်ထောင်သူ၏သမီးလည်းဖြစ်သည့် မန်ဝမ်ကျို ကနေဒါနိုင်ငံ ဗန်ကော်ဗာတွင် အဖမ်းခံခဲ့ရခြင်းအတွက် တရုတ်အစိုးရအမျက်ထွက်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ကြောင်း စွပ်စွဲလျက် ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။ မန်ဝမ်ကျိုအပေါ်စွဲချက်များကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးဘဲ ၄င်းသည် အမှားအယွင်းတစ်စုံတစ်ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ဟွာဝေးဘက်မှထုတ်ပြန်ခဲ့သည်။

တရုတ်နှင့်အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမှုကို ဆိုင်းငံ့ပြီးညှိနှိုင်းမှုပြုရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သဘောတူခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှာပင် မစ္စမန်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အမေရိကန်က အီရန်အပေါ် ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းကို ချိုးဖောက်ခဲ့ခြင်းနှင့်ဆက်နွယ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ယင်းအပေါ်မှတ်ချက်ပေးရန် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က ငြင်းဆန်ခဲ့သည်။

ဟွာဝေးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဆက်သွယ်ရေးကိရိယာထုတ်လုပ်မှုနှင့် ဝန်ဆောင်ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မကြာမီ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုတွင် အက်ပဲကိုကျော်တက်ကာ ဆမ်ဆောင်းနောက်တွင် ဒုတိယဖြစ်လာသည်။

ဟွာဝေးအနေဖြင့် ပဉ္စမမျိုးဆက်မိုဘိုင်းဖုန်းစနစ်လုပ်ပိုင်ခွင့်ရရှိခြင်းနှင့် အခြားဆက်သွယ်ရေးကွန်ရက် များမှတစ်ဆင့် ၄င်း၏သူလျှိုစွမ်းရည်ချဲ့ထွင်မည်ကို အနောက်နိ်ုင်ငံအချို့က စိုးရိမ်နေသည်။ ဟွာဝေးကမူ တရုတ်အစိုးရ ထိန်းချုပ်သည့်ကုမ္ပဏီမဟုတ်ကြောင်းပြောဆိုလျက် စိုးရိမ်မှုများကို ပယ်ချခဲ့သည်။

အမေရိကန်အမတ်များက ဟွာဝေးသည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက်ခြိမ်းခြောက်မှုတစ်ရပ်ဟု စွပ်စွဲခဲ့ပြီး ဂျပန်သည်လည်း အစိုးရဌာနများတွင် ဟွာဝေးနှင့် ဇက်တီအီးထုတ်ကုန်များကို အသုံးပြုခွင့်ပိတ်ပင်ဖွယ်ရှိနေသည်။ နယူးဇီလန်နှင့် သြစတြေလျတို့သည်လည်း ဟွာဝေးဆက်သွယ်ရေးပစ္စည်းများကို ပိတ်ဆို့ထားသည်။