ပြည်မြို့ ညဈေးတန်း ဧရာဝတီမြစ်နံဘေးသို့ပြောင်းရွှေ့မည်

ပြည်မြို့ ညဈေးတန်း ဧရာဝတီမြစ်နံဘေးသို့ပြောင်းရွှေ့မည်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဧရာဝတီမြစ်နံဘေး ကမ်းနားလမ်းသာယာလှပ ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုနှင့်အတူ ညရှုခင်းမြင်ကွင်းများလှပစေရန်နှင့် အဆင့် မီဈေးဖြစ်ပေါ်လာစေရန်အတွက် လက်ရှိည ဈေးတန်းကို ဧရာဝတီမြစ်နံဘေးသို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

အကြီးစားမြှင့်တင်

ကမ်းနားလမ်း သာယာလှပရေးအတွက် ပြည်မြို့ရှိ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာ၊ အရပ်ဘက်၊ အဖွဲ့အစည်းများက စုပေါင်းရှင်းလင်းခြင်း၊ ကမ်းနားပန်းခြံသာယာလှပရေး ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေပြီး အကြီးစားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက်လည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ငွေကျပ် ၁ ဒသမ ၃ဘီလီယံ တောင်းခံထားသည်။

"သာယာလှပရေး ဆောင်ရွက်တာနဲ့အတူ အဲဒါနဲ့ တစ်ဆက်တည်းမှာ ကမ်းနားလမ်းနဲ့ မြစ်ကြားထဲမှာမြေ ကို စနစ်တကျအကွက်ချပြီး တော့ ပြည်သူ အနားယူဖို့လည်းလုပ်မယ်၊ ဈေးဆိုင်တွေလည်း ထားမယ်၊ အိမ်နီးချင်းနိုင်ငံ တွေမှာလိုပေါ့။ သန့်ရှင်းသာယာပြီးနေချင်စဖွယ်၊ ကြည့်ရှုချင်စဖွယ် ညရှုခင်းအလှဖြစ် မယ်ဆိုပြီး ညဈေးကို အဲဒီဘက်မှာလုပ်ဖို့ ဝိုင်းစဉ်းစားခဲ့ကြတာပါ"ဟု ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ သူရဦးမြင့်သူက ပြောဆိုသည်။

လမ်းလျှောက်ဈေး

လက်ရှိညနေဈေးမှာ ပြည်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းမြင်းစီး ကျောက်ရုပ်အနီးတွင် တည်ရှိပြီး ယခုကဲ့သို့ ပြောင်းရွှေ့ပါက ထိုနေ ရာတွင် ကားပါကင်ပြုလုပ်ကာ ကမ်းနားလမ်း၊ နဝဒေးတံတားဘက်မှ ကားပါကင်နေရာအထိ ညပိုင်းတွင် ယာဉ်မဝင်စေဘဲ လမ်းလျှောက် ဈေးပုံစံပြုလုပ်သွားရန်ရည်ရွယ် ထားသည်။

"ညဈေးကို အဲဒီမှာဖွင့်လိုက်ရင် ဈေးသည် တွေများလာတော့ ညစ်ပတ်နိုင်တယ်။ အမှိုက် တွေကို စနစ်တကျမစွန့်ပစ်တာတွေများလာ နိုင်တယ်။ ဘယ်လောက်ပဲ စည်းကမ်းထုတ် ထုတ်မလွယ်နိုင်ဘူး။ မြစ်ပါညစ်ပတ်သွားနိုင် တယ်။ နောက်ပြီး မိုးတွင်းမြစ်ရေတက်လာရင် လည်း အန္တရာယ်ရှိနိုင်တယ်"ဟု ပြည်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စုပေါင်းလုပ်ဆောင်

ပြည်မြို့အနေဖြင့် အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ယခုကဲ့သို့ မြို့ သန့်ရှင်းသာယာလှပရေးအတွက် အဖွဲ့အစည်း ပေါင်းစုံက စုပေါင်းပြုလုပ်နေကြခြင်းဖြစ် သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး