နှစ်လကြာနှောင့်နှေးခဲ့ပြီးနောက် အဲချိုင်းနား လေကြောင်းလိုင်းက ဇန်နဝါရီမှစပြီး ပေကျင်း- ဖနောင်ပင် တိုက် ရိုက် လေကြောင်းလိုင်းသစ် ပြေးဆွဲတော့မည် ဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူများပြောကြားချက်အရ သိရသည်။
အဆိုပါ တရုတ်အစိုးရပိုင်လေကြောင်းလိုင်းအနေဖြင့် မြို့တော်၂ခုအကြား တစ်ပတ်လျင် ခရီးစဉ်သုံးကြောင်း ပြေးဆွဲ ပျံသန်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားလေကြောင်း ဆက်သွယ်ရေးနှင်ပြည်သူ့ ဆက်ဆံရေးဌာနညွှန်မှူး ကက်နီုရင်ဒါက ပြောသည်။
တရုတ်လေကြောင်းအနေဖြင့် ဇန်နဝါရီ ၇ ရက်မှစပြီး ပေကျင်း- ဖနောင်ပင် တိုက် ရိုက် လေကြောင်းလိုင်းသစ် ပြေးဆွဲတော့မည် ဖြစ်ကြောင်း၊ခရီးသည်ရရှိမှုအပေါ်မူတည်ပြီး အပတ်စဉ် ခေါက်ရေတိုး သွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါခရီးစဉ်မှာ Airbus A320 လေယာဉ်ဖြင့် သြဂုတ်လကတည်းက ပြေးဆွဲ မည်ဟုဆိုပြီးပြင်ဆင်ခဲ့သော်လည်း ဈေးကွက်အကြောင်းပြချက်ကြောင့်နောက်ကျခဲ့ကြောင်း သိရသည်။
၂၀၁၇အတွင်း တရုတ်နိုင်ငံသား ၁ဒသမ၂သန်းခန့် ကမ္ဘောဒီးယားသို့ လာရောက်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က နိုင်ငံတကာဧည့် သည် ၅ဒသမ၆သန်းခန့် ကမ္ဘောဒီးယားသို့ လာရောက်ခဲ့ ပြီး ၁၁ဒသမ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ သည်။
















