အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အောင်လံ အထက(၂)၌ အသိပညာပေးဟောပြော

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အောင်လံ အထက(၂)၌ အသိပညာပေးဟောပြော

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ်အခမ်းအနားအား ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက အောင်လံ အထက (၂) အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်စိန်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်တိုးတိုး မော်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးလွင်နှင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ နှင့် ကျောင်းသူများတက်ရောက်ကြသည်။

ဟောပြော

အခမ်းအနားတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားပြီး အောင်လံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးလွင်က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး ပြန်/ဆက်ဦးစီးမှူး ဦးမျိုးသိန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်စိန်၊ စခန်းမှူး ဒုရဲမှူးဦးစိုးညွန့်ဦးတို့က လူမှောင်ခိုအကြောင်း သိကောင်းစရာနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းများအား ရှင်းလင်းပြောကြားသည်။

အသိပညာပေး

အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သန်းသန်းဝေက အမျိုးသမီးများယဉ်ကျေးမှုနှင့် ဝတ်စား ဆင်ယင်မှုခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်တိုးတိုးမော်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား ထိရောက်သည့်ဥပဒေဖြင့် တရားစွဲဆို နိုင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး