လိဂ်-၂ဂိုးသွင်းဘုရင် လီယွန်တယ်လာကိုခေါ်ယူရန် ချင်းအသင်း ခြေစမ်း

လိဂ်-၂ဂိုးသွင်းဘုရင် လီယွန်တယ်လာကိုခေါ်ယူရန် ချင်းအသင်း ခြေစမ်း

၂၀၁၉ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက ရွိုင်ရယ်သန်လျင်အသင်းနှင့်အတူ ဂိုးသွင်းဘုရင်ဆုရခဲ့သည့် လီယွန်တယ်လာအား အသင်းသို့ ခေါ်ယူရန် ခြေစွမ်းစမ်းသပ်လျက်ရှိသည်။

လီယွန်တယ်လာသည် ပြီးခဲ့သည့်ရာသီက ရွိုင်ရယ်သန်လျင်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုး ၁၄ဂိုးသွင်းယူခဲ့ကာ ဂိုးသွင်းဘုရင်ဆုရရှိခဲ့သည်။

၎င်းသည် ရွိုင်ရယ်သန်လျင်အသင်းနှင့်အတူ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ထပ်မံစာချုပ်သက်တမ်းမတိုးတော့ဘဲ ချင်းယူနိုက်တက်၌ ခြေစွမ်းစမ်းသပ်မှု ခံယူလျက်ရှိသည်။

ရခိုင်ယူနိုက်တက်သည် လီယွန်တယ်လာအပြင် အခြားနိုင်ငံခြားသား ကစားသမားများကိုလည်း ခြေစွမ်းစမ်းသပ်လျက်ရှိပြီး ပြည်တွင်းကစားသမား ၂၀ဦးကိုလည်း စာချုပ်ချုပ်ဆို ခေါ်ယူထားသည်။

ချင်းယူနိုက်တက်အသင်းသည် ၂၀၁၇ခုနှစ်ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်-၁၌ ယှဉ်ပြိုင်ခဲ့ပြီး ရာသီကုန်တွင် တန်းဆင်းခဲ့ရပြီးနောက် ဆက်လက်ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။ထို့နောက် အသင်းအား အလုံစုံပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီနောက် လာမည့် ၂၀၁၉ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်-၂၌ စတင်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး