ဆိုင်ကယ် ကယ်ရီသမားဦးခေါင်းကို ကျောက်ခဲနှင့်ထုပြီး ဆိုင်ကယ်နှင့်ဖုန်းလုယူသူ နှစ်ဦးအား ဖမ်းမိ

ဆိုင်ကယ် ကယ်ရီသမားဦးခေါင်းကို ကျောက်ခဲနှင့်ထုပြီး ဆိုင်ကယ်နှင့်ဖုန်းလုယူသူ နှစ်ဦးအား ဖမ်းမိ

ဇလွန်မြို့နယ် ဟင်္သာတ-ဇလွန်ကားလမ်းကျုံတုံးကျေးရွာအနီးတွင် ဆိုင်ကယ်ကယ်ရီသမားထံမှ ဆိုင်ကယ်နှင့်ဖုန်းလုယူထွက်ပြေးခဲ့သူ နှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် ည ၆ နာရီခွဲခန့်တွင် ဆိုင်ကယ်ကယ်ရီသမားကိုကျော်ဇင်မင်း(ခ) ကရင် သည် ဟင်္သာတမြို့ဥယျာဉ်မြောက်ရပ်ကွက် ဗိုလ်ချုပ်လမ်း အ.ထ.က (၅)ကျောင်းရှေ့တွင် ဆိုင်ကယ်ကယ်ရီပို့ဆောင်ရန် ခရီးသည်စောင့်ဆိုင်းနေခဲ့သည်။
ထိုစဉ် အမျိုသားနှစ်ဦးက ဇလွန်ပြည်တော်ပြန် ဘုရားသို့ပို့ဆောင်ရန် ဌားရမ်းသဖြင့်လိုက်ပို့ခဲ့သည်။

ထိုသို့လိုက်ပါပို့ဆောင်စဉ် ဟင်္သာတ-ဇလွန်ကားလမ်းကျုံတုံးကျေးရွာအနီးသို့အရောက်တွင် အလေးစွန့်လိုသည်ဟု ပြောသဖြင့်ကားလမ်းနှင့်ဝေးရာလမ်းကြားသို့မောင်းဝင်ပေးခဲ့သည်။ 
ထို့နောက် ပြန်အထွက်တွင် ခရီးသည်အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကယ်ရီသမား ကိုကျော်ဇင်မင်း(ခ)ကရင်၏ ဦးခေါင်းကို ကျောက်ခဲဖြင့်ထုသဖြင့် နဖူးပေါက်ပြဲဒဏ်ရာဖြင့်လဲကျခဲ့ပြီးကိုကျော်ဇင်မင်း(ခ) ကရင်၏ Luojia 110 ဆိုင်ကယ်တစ်စီး၊Huawei G-730 အမျို းအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကို လုယူထွက်ပြေးခဲ့သောကြောင့် ဇလွန်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇလွန်မြို့မရဲစခန်းမှူးဒုရဲမှူးစိုးမြင့်နှင့်ပူပေါင်းအဖွဲ့က ဟင်္သာတ-ဖျာပုံကားလမ်းမတစ်လျှောက်ဆီဆိုင်များရှိ CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးပြီးလမ်းတစ်လျှောက် ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်တွင် ကျိုက်လတ်မြို့နယ်၊ကြခတ်ကုန်းအုပ်စု၊ ဖိုးစံကျေးရွာတွင် ပြစ်မှုကျူးလွန်သူ မိုးပွဲ(ခ)ရဲရင့်နှင့်ထွန်းထွန်းတို့ နှစ်ဦးကို လုယူသွားသည့် ဆိုင်ကယ်နှင့်အတူ လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရပြီး ဆက်လက်အရေးယူထားသည်။