အမျိုးသမီးတစ်ဦး သာကေတရှိ နေအိမ်တစ်ခုအတွင်း ဝင်ရောက်ပြီး ရွှေထည်ခိုးယူ

အမျိုးသမီးတစ်ဦး သာကေတရှိ နေအိမ်တစ်ခုအတွင်း ဝင်ရောက်ပြီး ရွှေထည်ခိုးယူ

သာကေတမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်းဝင်ရောက်ကာ ရွှေထည်ပစ္စည်းဝင်ရောက်ခိုးယူသူ အမျိုးသမီးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သာကေတမြို့နယ်၊(၉)ရပ်ကွက်နေ အမျိုးသားတစ်ဦးသည် နေအိမ်ရှိ ကုန်စုံဆိုင်တွင် ဇနီး ၊တူမတို့နှင့် အတူဈေးရောင်းခဲ့ပြီး လင် မယားနှစ်ဦးနေအိမ်နောက်ဖက်သို့ဝင်သွားခဲ့သည်။ 
ဆိုင်ရှေ့တွင် တူမတစ်ဦးတည်းကျန်ရစ်ခဲ့စဉ် အသက်(၄၀)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး အစ်မရှိလားဟုမေးကာ ပေါင်တွင်ပလာစတာကပ်လို ကြောင်းပြောပြီး အိမ်ထဲသို့ဝင်ကာ ပြန်ထွက်သွားခဲ့သည်။

နေအိမ်အတွင်းစစ်ဆေးခဲ့ရာ အိပ်ယာခေါင်းရင်းအောက်တွင် ထားရှိသည့် လော့ကတ်သီးပါ ရွှေဆွဲကြိုးတစ်ကုံးနှင့် ကျပ်နှစ်သိန်းတို့ ပျောက်ဆုံးနေသည်ကို သိရ၍ အရေးယူပေးပါရန် သာကေတမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ 
အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့ကစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ဒလမြို့နယ်၊ ဆာပါချောင်းရပ်ကွက်နေ ခင်သန္တာ(ခ)ခင်လေး(၃၀)နှစ်ဖြစ်နိုင်ကြောင်း သိရသဖြင့် ၎င်းကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးခဲ့သည်။ 
၎င်းကို စစ်ဆေးချက်များအရ တိုင်ကြားမှုကို ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။ 
သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာဆက်လက်အမှုဖွင့်အရေးယူထားသည်။