ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိနေသူကို တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီး

ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိနေသူကို တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီး

ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိနေသူတစ်ဦးကို လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ တာချီလိတ်မြို့တွင် ဖမ်းဆီးခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ဒီဇင်ဘာ ၈ ရက်နေ့က အမှုဖွင့်အရေးယူခဲ့သည်။ 

အဆိုပါနေ့ နံနက် ၆ နာရီခန့်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာ၊ ချယ်ရီလမ်း၌ နေထိုင်သူ အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်း ချုင်းဖတ် (ခ) အစ်ခရူကို (၂၈ နှစ် ) ကို သက်ဆိုင်ရာက ၄င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
၄င်းကို ဖမ်းဆီးရန်အတွက် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့တို့ ဆက်သွယ်ဆောင်ရွက်မှုဖြင့်ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ 
၄င်းကို ဖမ်းဆီးစဉ် နေအိမ်ရှေ့တွင်ရပ်ထားသည့် ၄င်းအသုံးပြုသည့် မော်တော်ယာဉ်ကို စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ် ကြောင်းသိရသဖြင့်တာချီလိတ်မြို့မရဲစခန်းက(ပ)၄၄၂/၁၈၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)အရ အမှုဖွင့်အရေးယူထားပြီး လွှဲပြောင်းပေးအပ်ရန် သက်ဆိုင်ရာက စီမံဆောင်ရွက်လျက်ရှိသည်။