ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွားသင်္ဘော ညောင်တုန်းမြို့သို့ဆိုက်ရောက်

ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွားသင်္ဘော ညောင်တုန်းမြို့သို့ဆိုက်ရောက်

ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွားသင်္ဘောသည် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် မြို့ပေါင်း ၂၇ မြို့သို့ ဖြတ်သန်းခဲ့ပြီး ဓနုဖြူမြို့နယ်မှတစ်ဆင့်ထွက် ခွာလာရာ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲ၌ ညောင်တုန်းမြို့သို့ ဆိုက်ကပ်ရောက်ရှိလာ ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးနှင့် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသွင်ကိုကိုမင်း၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည် သူများ အင်အား ၃၀ဝ က ဂုဏ်ပြုပန်းစည်း များဖြင့်လည်းကောင်း၊ ကရင်ဒုံးယိမ်းအဖွဲ့ များ၊ ဒိုးပတ်အကအခုန် အတီးအမှုတ်များဖြင့် လည်းကောင်း ကြိုဆိုခဲ့ကြသည်။

၈၅ ဦးလိုက်ပါလာ

အဆိုပါပြည်ကြီးတံခွန်(၄) ငြိမ်းချမ်းရေး တွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွားသင်္ဘော တွင် မြန်မာနိုင်ငံမျက်မမြင်များမိတ်သဟာရ အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်ဦးဆောင်ကာ အဖွဲ့ဝင် ၈၅ ဦးလိုက်ပါလာကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် နံနက် ၁၀ နာရီခွဲ တွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း လှိုင်ပညာခန်းမအတွင်း ငြိမ်းချမ်း ရေးစကားဟောပြောပွဲအခမ်းအနားကို ကျင်းပ ခဲ့သည်။

ဟောပြောဆွေးနွေး

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ယခုကဲ့သို့ လှည့်လည်သွား လာလုပ်ဆောင်နေမှုများအား ကြိုဆိုထောက် ခံပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ပြီးမှ သာ ပြည်သူများလိုလားတောင်းတနေသည့် စစ်မှန်သောဒီမိုကရေစီစနစ်ကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ငြိမ်းချမ်း ရေးနှင့်ပတ်သက်သည်များအား ဟောပြော ဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံမျက်မမြင်များ မိတ်သဟာရအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်က ငြိမ်း ချမ်းရေးတွဲလက်များတွင် ပါဝင်သည့်သူများ သည် ငြိမ်းချမ်းရေးရရှိရန် အားလုံးပါဝင်ပူး ပေါင်းဖို့လိုကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် စကား ဝိုင်းများ၊ ဆွေးနွေးပွဲများပြုလုပ်၍အသိအမြင် များဖလှယ်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အသားအရောင်၊ လူမျိုးဘာ သာမရွေးမခွဲခြားဘဲ စည်းလုံးညီညွတ်စွာ အတူ ဆောင်ရွက်မှသာလျှင် စစ်မှန်သော ငြိမ်းချမ်း ရေးရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခွင့်လွှတ်သည်းခံခြင်း၊ စိတ် အခံကောင်းများမွေးမြူခြင်းဖြင့် ငြိမ်းချမ်းသော ဝန်းကျင်ကို တည်ဆောက်ပါဝင်နိုင်ကြောင်း ပြောကြားသည်။

ပါဝင်ဆွေးနွေး

ဆက်လက်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်း သူများက မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ် တွင် လူငယ်များပါဝင်ဆောင်ရွက်ခွင့်၊ ငြိမ်း ချမ်းရေးဖြစ်စဉ်အကြောင်းအရာများ မေးမြန်း ခြင်းနှင့် ပဟေဠိမေးခွန်းများ ပါဝင်ဆွေးနွေး ဖြေကြားခြင်းများကို မြန်မာနိုင်ငံမျက်မမြင် များမိတ်သဟာရအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်က ပြန်လည်ဆွေးနွေးရှင်းလင်းပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး