နမ့်ပေါ်တံတားတွင် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းမိ

နမ့်ပေါ်တံတားတွင် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းမိ

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများကို မူဆယ်မြို့နယ်တွင် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်သည့် ယာဉ်မောင်း အေးဝင်း (၅၄ နှစ်) ၏(၂၂)ဘီး မော်တော်ယာဉ်နှင့် ပြည့်ဖြိုး (၂၇ နှစ်) မောင်းနှင်လာသည့် (၂၂)ဘီး မော်တော်ယာဉ်တို့ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေခဲ့သည်။ 
အဆိုပါယာဉ် နှစ်စီးပေါ်မှ အီသိုင်းအီသာ ၁၂,ဝ၀ဝ လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ၇,၂၀ဝ လီတာ၊ အလူမီနီယမ်ဆာလ်ဖိတ် ၄,၈၀ဝ ကီလို၊ အက်စီတစ်အက်စစ် ၁၅၀ လီတာ၊ ဆိုဒီယမ်ဟိုက်ဒြောဆိုက် ၉,၄၄၀ လီတာ၊ ဖီနိုင်းအက်စီတစ်အက်စစ် ၄,ဝ၀ဝ ကီလို၊ အရိုးမီးသွေး ၅၀ဝ ကီလိုနှင့် ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
၄င်းတို့ နှစ်ဦးကို မူဆယ် မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။