မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူခြောက်ဦးကို အမှုဖွင့်

မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူခြောက်ဦးကို အမှုဖွင့်

မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ခြောက်ဦးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၉ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။

အဆိုပါနေ့ မွန်းလွဲအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စံပါယ်လမ်းမကြီး အမှတ်(၈၁၁)နေ အောင်ကျော်မျိုး၏နေအိမ်ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါနေအိမ်ခြံဝင်းရှိ ဈေးဆိုင်ဘေး အနီရောင်စက္ကူပုံးအတွင်း ဆံပင်ဆိုးဆေးဘူး အတွင်းမှ ပလစ်စတစ်အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀ဝ)ပြားပါတစ်ထုပ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား (၁၄၆)ပြား ၊အစိမ်းရောင်လေးပြား၊ ပေါင်း(၁၅၀)ပြားပါတစ်ထုပ်၊ စုစုပေါင်း WY ဆေးပြား (၃၅၀)ပြားကို ရှာဖွေတွေ့ရှိခဲ့သည်။ 
နေအိမ်တွင်တွေ့ရှိသော အောင်ကျော်မျိုး(ခ)ဝင်းကို (၁၉)နှစ်၊ ဝေဖြိုးအောင်(ခ)ဝေဖြိုး(၁၅)နှစ်၊ ဒေါ်အုန်းရီ(၇၂)နှစ်၊ဒေါ်မျိုးမျိုးဝင်း(၄၅)နှစ်၊ရတနာဝင်း(၂၆)နှစ်၊မူမူမြင့်(၃၈)နှစ်တို့ထံမှ တွေ့ရှိသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ 
အဆိုပါအမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။