ဖရဲသီးယူစားခဲ့သူကလေးကို ကြိုးနှင့်တုပ် ဓားဖြင့်ခုတ်သူနှစ်ဦးကို အမှုဖွင့်

ဖရဲသီးယူစားခဲ့သူကလေးကို ကြိုးနှင့်တုပ် ဓားဖြင့်ခုတ်သူနှစ်ဦးကို အမှုဖွင့်

ဖရဲသီးပုံထဲမှ ဖရဲသီးယူစားခဲ့သူ ကလးငယ်ကို ကြိုးနှင့်တုပ် ဓားဖြင့်ခုတ်သူနှစ်ဦးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၉ ရက်နေ့ တွင်အမှုဖွင့်အရေးယူထားသည်။ 

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောရွာနေ ဦးဝင်းဆန်းသည် နေအိမ်၌ရှိနေစဉ် မြေးဖြစ်သူ နိုင်---- ၁၅ နှစ်ကို ဖရဲစိုက်ခင်းရှိလူများက ဆွဲခေါ်သွားကြောင်း သိရှိရသဖြင့် လိုက်သွားခဲ့သည်။

ဖရဲစိုက်ခင်းအတွင်း မြေးဖြစ်သူ နိုင်ကိုထက်ကို လက်တွင်ကြိုးတုပ်လျက် နောက်ကျော အလယ်ပြတ်ရှ/ ယာနားနောက် ဖူးရောင်ဒဏ်ရာများဖြင့် ထိုင်နေသည်ကိုတွေ့ရှိ၍ မေးမြန်းခဲ့သည်။ 
မြေးဖြစ်သူက ရဲဝင်းရွှေနှင့်အတူ သားကျင်ရွာရှိဖုန်းပြင်ဆိုင်တွင် ဖုန်းရွေးပြီးအပြန် ဖရဲစိုက်ခင်းအတွင်း ခူး၍ပုံထားသော ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံးယူပြီး ခွဲစားခဲ့ကြောင်း ထိုချိန် အမည်မသိလူနှစ်ဦးရောက်လာပြီး တဲသို့ဆွဲခေါ်စဉ်ရဲဝင်းရွှေမှာ ထွက်ပြေးသွားခဲ့ကြောင်း မြေးဖြစ်သူကပြောပြခဲ့သည်။ 
တဲအတွင်း ၎င်း၏လက်ကို ကြိုးနှင့်တုပ်၍ ဓားဖြင့် နောက်ကျောကိုခုတ်၊ ဓားအိမ်ဖြင့် ၅ ချက်ခန့်ရိုက်၊ ခြေထောက်နှင့်ကန်ပြီး တုတ်နှင့်ထပ်မံရိုက်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် မြေးဖြစ်သူ ကိုရိုက်နှက်ခဲ့သူ စိုင်းမောင်ရီ ၂၈ နှစ်၊စိုက်ခင်းမန်နေဂျာနှင့် စိုင်းစိုင်းအောင် ၃၅ နှစ်တို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ငါန်းဇွန်မြို့မရဲစခန်းက(ပ)၈၅/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၂၆/၃၂၅/၃၄၂/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။