အာဆီယံတွင် မြန်မာလိဂ် အဆင့် ( ၆ )၌ ရပ်တည်

အာဆီယံတွင် မြန်မာလိဂ် အဆင့် ( ၆ )၌ ရပ်တည်

အာရှတိုက်နိုင်ငံများ၏ သက်ဆိုင်ရာ ဘောလုံးလိဂ်အဆင့်အတန်းကို အာရှဘောလုံး အဖွဲ့ချုပ်က နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်မှာ အဆင့် ၂၅ နေရာ၌ ရပ်တည်ခဲ့ပြီး အာဆီယံဒေသတွင်း၌ အဆင့် ၆ နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ဒေသတွင်း နိုင်ငံ ၄၆ နိုင်ငံ၏ သက်ဆိုင်ရာဘောလုံးလိဂ် အဆင့်အတန်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနေရှင် နယ်လိဂ်သည် အာဆီယံဒေသတွင်း အဆင့် ၆ နေရာတွင်ရပ်တည်နေပြီး ထိုင်းကထိပ်ဆုံး နေရာ၌ ရပ်တည်ခဲ့ကာ မလေးရှားကအဆင့် ၂၊ ဖိလစ်ပိုင်က အဆင့် ၃၊ ဗီယက်နမ်ကအဆင့် ၄၊ စင်ကာပူက အဆင့် ၅နေရာများ၌ ရပ်တည် လျက်ရှိသည်။ မြန်မာနေရှင်နယ်လိဂ် နောက် အဆင့် ၇ နေရာတွင် အင်ဒိုနီးရှားလိဂ်က ရပ်တည်လျက်ရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ တီမောနှင့် ဘရူနိုင်းလိဂ်များမှာ အစဉ်လိုက် ရပ်တည်နေသည်။



ဖတ်ရှုမှုအများဆုံး