နေအိမ်အတွင်း အမြဲဝင်ထွက်နေသူက ရွှေထည်နှင့်ငွေများ ခိုးယူ

နေအိမ်အတွင်း အမြဲဝင်ထွက်နေသူက ရွှေထည်နှင့်ငွေများ ခိုးယူ

ကြည်မြင်တိုင်မြို့နယ်တွင် နေအိမ်အတွင်းအမြဲ အဝင်အထွက်ပြုလုပ်နေသူက ရွှေထည်နှင့်ငွေများခိုးယူခဲ့မှုကို  ဖော် ထုတ်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်၌ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊အေးရွာ အနောက်ပိုင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့်အတူ သာဓုအရှ့ရပ်ကွက်နိဗ္ဗာန်လမ်းသို့ ဈေးရောင်းရန်သွားရောက်ခဲ့သည်။ 
နေအိမ်သို့ ည ၈ နာရီခွဲခန့်တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဗီရိုသော့ဖွင့်ကြည့်ရာ ဗီရိုအတွင်း ရှိ သံသေတ္တာအတွင်း သံဗူးဖြင့်ထည့်ထားသည့် ရွှေထည် ပစ္စည်းများ ဖြစ်သော လက်ကောက်သုံးကွင်း၊ ရွှေဆွဲကြိုးနှစ်ကုံး၊ ရွှေဆွဲပြားတစ်ပြား၊ ဟမ်းချိန်းနှစ်ကွင်း၊ လက်စွပ်ခြောက်ကွင်းနှင့်ကျပ် ၈၆၅၀ဝ၀ တို့ ပျောက်ဆုံးနေသည်ကိုတွေ့ရသဖြင့် စက်ဆန်းနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သည်။ 
အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းခဲ့ရာ အမှုဖြင့် မသင်္ကာသူ အိမ်တွင်အမြဲအဝင်အထွက်ရှိသော တင်ဦး(ခ)လာဂျား ၃၀ နှစ်ကိုု ဒီဇင်ဘာ ၄ ရက်နေ့ ည ၁၀ နာရီ မိနစ် ၅၀ အချိန်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။ 
စုံစမ်းဖော်ထုတ်ချက်အရ ၎င်းမှ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့ပြီး သက်ဆိုင်ရာက သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့ကာ ဆက်လက်အရေးယူထားသည်။