မူးယစ်ဆေးသုံးပြီးသေဆုံးသူလူငယ်၏အလောင်း တွေ့ရှိ
မိုးကောင်းမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး ဆေးထိုးပိုက်တပ်လျက်သေဆုံးမှု ဒီဇင်ဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၈ နာရီခန့်က မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်ရှိ ဂျပန်ဘုရားလှေကား အရှေ့ဘက်တွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဒုရဲအုပ်ကိုကိုလွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးနေသူမှာ မိုးကောင်းမြို့ အုပ်စု(၅)၊မြို့ဦးရပ်ကွက်နေ စည်သူဖြိုး(၂၇)နှစ်ဖြစ်ပြီး ဘုရားလှေကားအရှေ့ဘက်၌ ဝဲလက်မောင်း ၃မီလီဆေးထိုးပိုက်တန်းလန်းဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။
မိုးကောင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်၂၁/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















