ရန်ကုန်ယူနိုက်တက်တိုက်စစ်မှုး ကျော်ကိုကိုအား တစ်နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူရန် ထိုင်းကလပ် ဆာမတ်ပရာခန်စီးတီး က တရားဝင်ကမ်းလှမ်းလာခဲ့ပြီး ဆေးစစ်မှုအောင်မြင်ခဲ့ပါက အငှားသွားရောက်ကစားမည်ဖြစ်ကြောင်း သိရသည်။
စာချုပ်မည်
ကျော်ကိုကိုသည် ပြီးခဲ့သည့်ရာသီက ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်တွင် တစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး ဒဏ်ရာပြဿနာဖြင့် အနားယူနေခဲ့ရာမှ ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အတွက် အဆိုပါကလပ်မှ ကမ်းလှမ်းလာခြင်းဖြစ်သည်။ ဆာမတ်ပရာခန်စီးတီးနှင့် ကျော်ကိုကိုမှာ အကြိုသဘောတူညီမှုရရှိထားပြီးဖြစ်ကာ ဆေးစစ်မှုအောင်မြင်ခဲ့ပါက အပြီးသတ်စာချုပ်မည်ဖြစ်သည်။
ဆာမတ်ပရာခန်စီးတီး အသင်းသည် ၂၀၁၈ ခုနှစ်ဘောလုံးရာသီက ပတ္တရား ယူနိုက်တက အသင်းအမည်ဖြင့် ထိုင်းလိဂ်-၁ တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ ယခုနှစ်တွင် ဆာမတ်ပရာခန်စီးတီး အသင်းနာမည်ဖြင့် ထိုင်းလိဂ်-၁ တွင် ဝင်ရောက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။















