၂၀၁၉ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ချင်းယူနိုက်တက်အသင်းသည် ဧရာဝတီယူနိုက်တက် ကွင်းလယ်လူ နိုင်လင်းဦးကို ဒီဇင်ဘာ ၁၁ရက်က တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရည်မှန်းထား
ချင်းယူနိုက်တက်အသင်းသည် တစ်ရာသီအတွင်း နေရှင်နယ်လိဂ် -၂မှ လိဂ်-၁ သို့တန်းတက်နိုင်ရန်ရည်မှန်းထားရာ အဆိုပါရည်မှန်းချက်ပြည့်ရန်အတွက် အစွမ်းကုန်ကူညီပေးသွားမည်ဟု နိုင်လင်းဦးက စာချုပ်ချုပ်ဆိုပွဲအပြီး၌ ပြောဆိုခဲ့သည်။
"ချင်းယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ အကြာကြီး မစဉ်းစားခဲ့ပါဘူး၊ ဆရာဦးစိုးသိန်း နဲ့လက်တွဲရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ချင်းယူနိုက်တက်ကို မြန်မာနေရှင်နယ်လိဂ် -၁ ကို ပြန်လည်တက်လှမ်းနိုင်ဖို့ အစွမ်းကုန်ပေးဆပ်ကစားသွားမှာပါ ''ဟု နိုင်လင်းဦးက ဖွင့်ဟခဲ့သည်။
နိုင်လင်းဦးသည် ကွင်းလယ်အပြင် နောက်ခံလူနေရာ၌ပါ ကစားနိုင်သူဖြစ်ပြီး ၎င်းကို ခေါ်ယူနိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း အသင်းစီအီးအို ဦး ဒိုခန်ခုပ်က ပြောဆိုခဲ့သည်။















