ယာဉ်တစ်စီး နမ့်လုံချောင်း ချောက်အတွင်းသို့ အရှိန်လွန်ထိုးကျတိမ်းမှောက်

ယာဉ်တစ်စီး နမ့်လုံချောင်း ချောက်အတွင်းသို့ အရှိန်လွန်ထိုးကျတိမ်းမှောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုကားလမ်းပေါ် ရှိ နမ့်လုံချောင်း ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး အရှိန်လွန်ထိုးကျတိမ်းမှောက်မှု ဒီဇင်ဘာလ ၁၀ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၇ နာရီခန့်တွင် မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသော ပရိုဘောက်ယာဉ်သည် မိုင်တိုင်အမှတ် (၇၀၂/၇၀၃)ကြား အရှိန်လွန် တစ်ပတ်လည်ပြီး အနက်ပေ ၈၀ခန့်ရှိ နမ့်လုံချောင်း ချောက်အတွင်းသို့ ထိုးကျတမ်းမှောက်ခဲ့သည်။ 
ယင်းယာဉ်ကို လွိုင်လင်မြို့နေသူတစ်ဦးက မောင်းနှင်လာပြီး ပင်လုံမြို့နေသူတစ်ဦး လိုက်ပါလာခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး လိုက်ပါလာသူ တွင်ဒဏ်ရာရရှိမှုမရှိခဲ့ပေ။ 
ယာဉ်တိမ်းမှောက်ရာ နေရာသို့ တာဝန်ရှိသူများက သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားသည်။