တိုင်းမ်မဂ္ဂဇင်း ၂၀၁၈ အထူးခြားဆုံးပုဂ္ဂိုလ်များရွေးချယ် မြန်မာသတင်းသမား ဝလုံးနှင့် ကျော်စိုးဦးတို့ ပါဝင်ခဲ့
တိုင်းမ်မဂ္ဂဇင်းမှ ၂၀၁၈ ခုနှစ်အတွင်း အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ်ရွေးချယ်ခဲ့ရာ အမေရိကန်မှ ကပ္ပီတယ်ဂေဇက် သတင်းစာနှင့် သတင်းသမားလေးဦးတို့ပါဝင်သည်။
ယင်းသတင်းသမားလေးဦးတို့မှာ ဆော်ဒီအာရေဗျ သတင်းသမား ဂျမားလ်ခါရှောဂီ၊ ဖိလစ်ပိုင်နိုင်ငံ ရက်ပ်လာ သတင်းဌာနမှ သတင်းသမား မာရီယာရီဆာနှင့် မြန်မာ နိုင်ငံမှ ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့ ဖြစ်ကြသည်။
တိုင်းမ်၏ အယ်ဒီတာချုပ် အက်ဒဝပ်ဖီလ်ဆန်တဲက အင်န်ဘီစီရုပ်သံ၏ တူဒေးအစီအစဉ်မှတစ်ဆင့် ကြေညာ ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း သတင်းများကို အလွှမ်းမိုးခဲ့ဆုံး ပုဂ္ဂိုလ်များ ကမ္ဘာကြီးအတွက်ပိုမိုကောင်းမွန်မှု ပိုမိုဆိုးရွား မှုဖြစ်စေခဲ့သည့် ဖြစ်ရပ်များကို အခြေပြုရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

















