တရုတ်နိုင်ငံတွင် ခရီးသည်တင်ဘတ်စကား ထုတ်လုပ်ရောင်းချမှု ခြောက်လဆက်တိုက် ကျဆင်းလာ

တရုတ်နိုင်ငံတွင် ခရီးသည်တင်ဘတ်စကား ထုတ်လုပ်ရောင်းချမှု ခြောက်လဆက်တိုက် ကျဆင်းလာ

တရုတ်နိုင်ငံတွင် ခရီးသည်တင်ဘတ်စကားထုတ်လုပ်ရောင်းချမှု ခြောက်လဆက်တိုက်ကျဆင်းလာနေကြောင်း တရုတ်နိုင်ငံခရီးသည်တင်ကား အသင်းချုပ် CPCA က ဆိုသည်။ 

လွန်ခဲ့သည့်လက ခရီးသည်တင်ဘတ်စကားစီးရေ ၂ ဒသမ ဝ၂ သန်း ရောင်းရရာ ယမန်နှစ်ကာလတူထက် ၁၈ရာခိုင်နှုန်းကျဆင်းကြောင်း တရုတ်နိုင်ငံခရီးသည်တင်ကား အသင်းချုပ် CPCA ထံမှ အချက်အလက်များက ဖော်ပြခဲ့သည်။ 
ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း ဘတ်စကားစီးရေ ၂၀ဒသမ၂၅သန်း ရောင်းရရာ ယမန်နှစ်ကာလတူထက် ၄ရာခိုင်နှုန်းကျဆင်းခဲ့သည်။     

လျှပ်စစ်ကားစသည့် စွမ်းအင်သစ်ဖြင့် ပြေးဆွဲသည့် ဘတ်စကားမှာ ၅၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး လွန်ခဲ့သည့်လက စင်းရေ ၁၂၉၀ဝ၀ ရောင်းရသည်။

အစိုးရက လေထုညစ်ညမ်းမှုလျှော့ချပြီး  သန့်ရှင်းစွမ်းအင်အသုံးပြုမှု အားပေးနေသောကြောင့် တရုတ်သည် ကမ္ဘာ့အကြီးဆုံးကားဈေးကွက်နှင့် စွမ်းအင်သစ် တိုးချဲ့အသုံးပြုနှုန်း အမြန်ဆုံးဈေးကွက် ဖြစ်လာနေသည်။