Mobile Legends Professional League ဖိုင်နယ်ပွဲ ယခုလ ၁၅ ရက်တွင် ကျင်းပမည်

Mobile Legends Professional League ဖိုင်နယ်ပွဲ ယခုလ ၁၅ ရက်တွင် ကျင်းပမည်

HOG Esport  နှင့် Mobile Legendsဂိမ်းထုတ်လုပ်သည့် ကုမ္ပဏီ  (Moonton)တို့ပူးပေါင်းလုပ်ဆောင်သည့်  Mobile  Legends Professional  League (MPL)   ဖိုင်နယ်ပြိုင်ပွဲကို ယခုလ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းHOG Esport  က ယခုလ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖိုင်နယ်ပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းကို အမေရိကန်ဒေါ်လာ၁၀çဝ၀ဝ၊ ဒုတိယရရှိသည့်အသင်းကို အမေရိကန် ဒေါ်လာ ၅,ဝ၀ဝ၊ တတိယရရှိသည့်အသင်းကို အမေရိကန်ဒေါ်လာ ၂,ဝ၀ဝနှင့် စတုတ္ထရရှိသည့် အသင်းကို အမေရိကန်ဒေါ်လာ ၁,ဝ၀ဝ ချီးမြှင့်မည်ဖြစ်ပြီးအကောင်းဆုံး ကစားသမားဆုကိုလည်း ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အရည်အချင်းရှိတဲ့ ကစားသမားတွေကို မွေးထုတ်ပြီး နိုင်ငံတကာ အီလက်ထရွန်းနစ် အားကစားပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဂိမ်းကစားတာ ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ မြန်မာလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်လမ်းလည်း ဖြစ်နိုင်ပါတယ်" ဟုHOG Esport  ၏ ဈေးကွက်မန်နေဂျာ   Mr  Sebastian Quiraga က ပြောသည်။ 

အဆိုပါ ပြိုင်ပွဲအတွက် ပထမအဆင့် အွန်လိုင်း လက်ရည်စစ်ပွဲကို စက်တင်ဘာလတွင်လည်းကောင်း၊ ဒုတိယအဆင့်ပွဲများကို အောက်တိုဘာလတွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး လက်ရည်စစ်ပွဲ အောင်မြင်ခဲ့သည့် အသင်းရှစ်သင်းကို အမေရိကန်ဒေါ်လာ၈၀ဝ ချီးမြှင့်ခဲ့သည်။ 

"မြန်မာနိုင်ငံ လက်ရည်စစ်ပွဲက စိတ် လှုပ်ရှားစရာကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ အိပ်မက်ကို အကောင်ထည်ဖော်ပေးခဲ့နိုင် တယ်။ မြန်မာနိုင်ငံမှာလည်း ပထမဆုံးဂိမ်းပြိုင်ပွဲဖိုင်နယ် ကျင်းပခြင်းလည်း ဖြစ်ပါတယ်" ဟု Moonton  ကုမ္ပဏီ၏  esport Manager  Mr.Lius  Andre Saputra  က ပြောသည်။

Mobile  Legends  Bang  Bang Professional  League (MPL)Nပြိုင်ပွဲသည် အီလက်ထရွန်းနစ် အားကစားအဖွဲ့အစည်း နှင့် ကစားသမားများအတွက် အရေးပါသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံက လူငယ်များ ဂိမ်းနှင့်ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် အွန်လိုင်းဂိမ်းပြိုင်ပွဲများကို နှစ်စဉ်ပြုလုပ်ပေးလျက်ရှိခြင်းဖြစ်သည်။ 

အဆိုပါ Mobile  Legends  Bang  Bang Professional  League (MPL)  ပြိုင်ပွဲအပြင် မြန်မာနိုင်ငံက အလားအလာရှိသော ဂိမ်းကစားသမားများအတွက်Mobile  Legends  Bang  Bang Professional  League (MPL)  ဒုတိယရာသီနှင့် တတိယရာသီကစားပွဲများ ကျင်းပမည်ဖြစ်သလို  Mobile  Legends  Bang  Bang (MLBB) MM Diamond Challenge Series  ပြိုင်ပွဲအသစ်များလည်းနောက်နှစ်တွင် ပြုလုပ်မည်ဖြစ်သည်။

"M Diamond Challenge Series   ပြိုင်ပွဲက နှစ်လကြာပြုလုပ်မယ့် အွန်လိုင်းပြိုင်ပွဲပါ။ ဝါသနာရှင်တွေ လာရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ထိပ်သီး Mobile Legends  ကစားသမားတွေကိုရှာဖွေ ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ သူတို့အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်"ဟု Mr.Lius  Andre Saputra က ပြောသည်။

အဆိုပါပြိုင်ပွဲများကိုHOG Esportနှင့်အတူ ပူးပေါင်းပြုလုပ်မည့် MPLMyanmar သည်  အရှေ့တောင်အာရှရှိ  ဂိမ်းပြိုင်ပွဲများကိုတိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုကြေးငွေမျများရရှိနိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး