ဟမ်းဘတ်(ဂျာမနီ) ” နိုင်ငံရေး ပြဿနာများကို ရေရှည်ဖြေရှင်းနည်းအစား ရေတို ဖြေရှင်းမှုများပြုလုပ်ခဲ့သော မာကယ်လ်၏ ရင်းနှီးသော မဟာမိတ်တစ်ဦးဖြစ်ပြီး ၎င်း၏အရိုက်အရာကို ဆက်ခံရန် လိုလိုလားလား ရှိသူတစ်ဦးကို ကွန်ဆာဗေးတစ်ပါတီအများစုက ဒီဇင်ဘာ ၇ ရက်တွင် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
ခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂအဖွဲ့ဝင်များအကြား ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရာထူးဆက်လက် ရွေးချယ်ခန့်အပ်ထားရန် အသက် ၅၆ နှစ်အရွယ် သဘောထား ပျော့ပျောင်းသော အန်နဲဂရက် ခရန့်ပ်ခါရင်ဘောင်ဝါကို ရွေးချယ်ခဲ့သည်။နိုင်ငံ၏ ထိပ်သီးရာထူးကို ဆက်ခံတာဝန်မယူမီ နှစ်အတန်ကြာ စောင့်ဆိုင်း၍ တရားဝင်မဟုတ်သော ဝန်ကြီးချုပ်ရာထူးတွင် စောင့်ဆိုင်းနေမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်အထိ ပါတီခေါင်းဆောင်အဖြစ် သူ၏ မဟာမိတ်နှင့်အတူ ဆက်လက်ရှိနေရန် ရည်ရွယ်ကြောင်း ဝန်ကြီးချုပ်မာကယ်လ်က ပြောကြားခဲ့သည်။
မာကယ်လ်၏ အာဏာမှာ သိသိသာသာ အားနည်းလာခဲ့ပြီး အခြား အဓိကပြိုင်ဘက် အသက် ၆၃ နှစ်အရွယ်ရှိ လုပ်ငန်းရှင် အကြီးအကဲ ဖရက်ဒရစ် မာက်စ်ကို ပါတီက ရွေးချယ်ခဲ့သည်။ ပါတီကို ဗဟိုနှင့် လက်ဝဲယိမ်းသည်အထိ မာကယ်လ်က ၁၈ နှစ်ကြာ ပဲ့ကိုင်ခဲ့ပြီးနောက် ၎င်း၏ ရှေးရိုးစွဲ အယူအဆများကို ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ ပြန်လည် ရရှိနိုင်မည့်အခွင့်အရေးကို ထောက်ခံအားပေးသူများအတွက် ဖရက်ဒရစ်က ကိုယ်စားပြုခဲ့သည်။
ခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂ နှစ်ပတ်လည် အစည်းအဝေး မဲဆန္ဒခံယူပွဲ ဒုတိယအကြိမ်တွင် ခရန့်ပ်ခါရင်ဘောင်ဝါက အနိုင်ရရှိခဲ့သည်။ နောက်ဆုံးမဲရလဒ်အရ ခရန့်ပ်ခါရင်ဘောင်ဝါက မဲအရေအတွက် ၅၁၇ မဲဖြင့်လည်းကောင်း၊ ဖရက်ဒရစ် မာက်စ်က မဲအရေအတွက် ၄၈၂ မဲ ဖြင့်လည်းကောင်း ရရှိခဲ့သည်။
ဂျာမန်နိုင်ငံရေးအပြင် ဥရောပနှင့် ကမ္ဘာ့ရေးရာတို့တွင်မာကယ်လ်က ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အဆုံးမသတ်နိုင်သော နိုင်ငံတကာ အရေးအခင်းများကို ဖြေရှင်းရာတွင် အဓိက နေရာမှ ပါဝင်ခဲ့ပြီး ၎င်း၏ ရာထူးသက်တမ်းအတွင်း ဂျာမနီနိုင်ငံကို ပြောင်းလဲခဲ့သည်။
လွန်ခဲ့သည့် နွေဦးတွင် မာကယ်က ပါတီ၏ နံပါတ်နှစ် ရာထူးဖြစ်သည့် အထွေထွေအတွင်းရေးမ·းကို ခရန့်ပ် ခါရင်ဘောင်ဝါကိုခန့်အပ်ခဲ့ပြီး နိုင်ငံခေါင်းဆောင်မှုအတွက် လက်သပ်မွေးကြိုးပမ်းရန် ဆောင်ရွက်မှုတစ်ခုအဖြစ် သုံးသပ်ခြင်းခံခဲ့ရသည်။ ထိုမတိုင်ခင် ခရန့်ပ်ခါရင်ဘောင်ဝါမှာ ဂျာမနီအနောက်ပိုင်းရှိ တစ်ချိန်က ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းများ ထွန်းကားခဲ့သည့်ဆာလန်းဒေသတွင် ပြည်နယ် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပါတီလမ်းစဉ်ဖြင့် တာဝန်ထမ်းဆောင်ရာတွင် ထင်ရှားပြီးလူအများ၏ အတည်ပြုထောက်ခံချက်ကို ရရှိခဲ့သည်။
ခရန့်ပ်ခါရင်ဘောင်ဝါသည် လိင်တူချင်းလက်ထပ်ထိမ်းမြားမှုကို ဆန့်ကျင်ခဲ့ခြင်းအပါအဝင် လူမှုရေးကိစ္စအချို့တွင် ရှေးရိုးစွဲဆန်သူ တစ်ယောက်ဖြစ်သည့် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်သည်။ သို့သော် ခရန့်ပ်ခါရင်ဘောင်ဝါသည် အမျိုးသမီး အခွင့်အရေး ရပ်တည်ကာကွယ်ပေးသူ တစ်ဦးဖြစ်ပြီး ကလေးသုံးဦးကို ပြုစုပျိုးထောင်နေစဉ်အတွင်းဆာလန်းဒေသရှိ ကျောက်မီးသွေးတွင်း အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးဘက်က အခိုင်အမာရပ်တည်ခဲ့သော နိုင်ငံရေးသမားတစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

















