ရုရှားက ဗင်နီဇွဲလားသို့ နျူကလီးယားလက်နက်များသယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်နှစ်စင်း စေလွှတ်

ရုရှားက ဗင်နီဇွဲလားသို့ နျူကလီးယားလက်နက်များသယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်နှစ်စင်း စေလွှတ်

မော်စကို ” ရုရှားနိုင်ငံလုပ် နျူကလီးယားလက်နက်များသယ်ဆောင်နိုင်သည့် မဟာဗျူဟာ ဗုံးကြဲ လေယာဉ်နှစ်စင်း ဗင်နီဇွဲလားသို့ ဒီဇင်ဘာ ၁၀ ရက်က ရောက်ရှိခဲ့ရာ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ဆက်ဆံရေးတင်းမာမှုများမြင့်တက်နေသည့်ကြားက ပေါ်ပေါက်လာ သည့် တပ်ဖြန့်မှုဖြစ်သည်။

Tu-160 ဗုံးကြဲလေယာဉ်နှစ်စင်းသည် ကီလိုမီတာ ၁၀,ဝ၀ဝ (မိုင် ၆ç၂၀ဝ) ပျံသန်းပြီးနောက် ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကက်စ်မြို့ပြင်ရှိ မိုင်ကီတီးယား လေဆိပ်သို့ ဒီဇင်ဘာ၁၀ ရက်က ဆင်းသက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

အဆိုပါTu-160  ဗုံးကြဲလေယာဉ်သည် ကီလိုမီတာ ၅,၅၀ဝ အကွာ အဝေးပစ်နိုင်သည့် သမားရိုးကျ၊ သို့မဟုတ် နျူကလီးယားထိပ်ဖူးတပ် သင်္ဘောပစ် ဒုံးကျည်များကို သယ်ဆောင်နိုင်သည်။ ထိုအမျိုးအစား ဗုံးကြဲလေယာဉ်များကို ဆီးရီးယားစစ်မြေပြင်တွင် ရုရှားတပ်များက အသုံးချခဲ့ကာ သမားရိုးကျ လက်နက်တပ်ဆင်ထားသည့်kh-101 သင်္ဘောပစ်ဒုံးကျည်များကို ဆီးရီးယားတိုက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။

နေတိုးအဖွဲ့က ဘလက်ခ်ဂျက်ဟု အမည်ဝှက်ပေးထားသည့် ထိုစစ်လေယာဉ်သည် အသံထက် နှစ်ဆမြန်အောင် ပျံသန်းနိုင်စွမ်းရှိသည်။ ရုရှားကTu-160  လေယာဉ်များကို လက်နက်ကိရိယာသစ်များနှင့် အီလက်ထရွန်းနစ်ပစ္စည်းများဖြင့် အဆင့်မြှင့်တင်ခဲ့ကာ ခေတ်မီအမျိုးအစား ဗုံးကြဲလေယာဉ်ထုတ်လုပ်ရန် စီစဉ်ထားသည်။

ဒီဇင်ဘာလ ပထမပတ်က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို မော်စကိုသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် ရုရှားဗုံးကြဲလေယာဉ်များကို တပ်ဖြန့်ခြင်းဖြစ်ကာဗင်နီဇွဲလားသည် ရုရှားကို ဒေါ်လာဘီလျံနှင့်ချီကာ အကြွေးပေးရန် ရုန်းကန်နေရစဉ် နိုင်ငံရေးနှင့်စီးပွားရေး အကူအညီကို ကျားကန်ရန် ကြိုပမ်းအားထုတ်မှုပင် ဖြစ်သည်။ 

ရုရှားသည် ဗင်နီဇွဲလားနှင့် အဓိက နိုင်ငံရေးမဟာမိတ်နိုင်ငံဖြစ်ကာ အမေရိကန်နှင့် ဥရောပသမဂ္ဂဦးဆောင်သည့် အရေးယူပိတ်ဆို့မှုများ တိုးပွားလာမှုအောက်တွင် ဗင်နီဇွဲလားသည် တဖြည်းဖြည်းနှင့် ကမ္ဘာနှင့် သီးခြားဖြစ်လာသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုလိုပက်ဇ်နှင့် ဒီဇင်ဘာ ပထမပတ်ကတွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် ဗင်နီဇွဲလားသို့ စစ်လေယာဉ်များနှင့်စစ်သင်္ဘောများကို ရုရှားက ဆက်လက်စေလွှတ်မည်ဟု ပြောကြားခဲ့သည်။

ရုရှားသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် လက်နက် ထုတ်လုပ်မှု၌ ဒုတိယအများဆုံးနိုင်ငံဖြစ်သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့က ပြောကြားသည်။ ၂၀ဝ၂ ခုနှစ်မှစ၍ဒုတိယနေရာကို ယူထားသည့် ဗြိတိန်နိုင်ငံကို ရုရှားက ကျော်လွန်သွားကာ အနောက်ဥရောပရှိ နံပါတ် (၁) လက်နက်ထုတ်လုပ်သူ အဖြစ်ရှိနေသည်။ ရုရှားကုမ္ပဏီများ၏ လက်နက်ရောင်းချရဝင်ငွေသည် ၂၀၁၇ ခုနှစ်က ဒေါ်လာ ၃၇ ဒသမ ၇ ဘီလျံရှိရာ ၂၀၁၆ ခုနှစ်ကထက် ၈ ဒသမ ၅ ရာခိုင်နှုန်း တက်လာသည်။