အာရှတွင် အချက်အချာဘဝမှ စမ်းတဝါးဝါးဖြစ်သွားသော အမေရိကန်

အာရှတွင် အချက်အချာဘဝမှ စမ်းတဝါးဝါးဖြစ်သွားသော အမေရိကန်

သမ္မတထရမ့်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မမှားသင့်တဲ့ အမှားတွေ အတော်များများရှိတဲ့အထဲမှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ စီမံကွပ်ကဲမှုဟာ လက်ငင်း အထိရောက်ဆုံးလို့ လူတွေ မှတ်မိနေမှာဖြစ်တယ်။

တရုတ်ရဲ့ ကုန်သွယ်ရေးအလေ့အကျင့်တွေနဲ့ နယ်မြေရည်မှန်းချက်တွေကို နိုင်ငံတကာအဆင့်နဲ့ ကိုင်တွယ်ရမယ့်အချိန်မှာ အမေရိကန်ဟာ ဖြစ်ကတတ်ဆန်း လုပ်နေတယ်။ သမ္မတထရမ့်ဟာ အခု ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း မှာပဲ အာရှမှာ ဘက်ပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံ နှစ်ခုရဲ့ အခွင့်အရေးကို ဖျက်ဆီးခဲ့တယ်။ ပထမကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၁၀ဝ ပြည့် အခမ်းအနားမှာ သမ္မတထရမ့်ရဲ့ ရှုံ့မဲ့သုန်မှုန်တဲ့ လုပ်ဆောင်မှုကြောင့် ဒုတိယသမ္မတ မိုက်ပင့်စ် တက်ရောက်ခဲ့တာက အကောင်းဆုံးပဲလို့ ပြောနိုင်တယ်။

အမေရိကန်ရဲ့ တစ်ဖက်သတ်ဖြစ်တဲ့ နိယာမတွေကို ဒုတိယသမ္မတ ပင့်စ်ဟာ စင်ကာပူမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးနဲ့ ပါပူးဝါးနယူးဂီနီမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းမှု ထိပ်သီးအစည်းအဝေးတွေမှာ ပြန့်ပွားအောင် လုပ်နိုင်ခဲ့တယ်။ ဒီအမှာစကားကို ဘယ်သူကပဲပြောပြော ရှင်းနေတာ တစ်ခုကတော့ အမေရိကန်ဟာ လမ်းပျောက်နေတာပဲ ဖြစ်တယ်။ သမ္မတထရမ့် အစိုးရရဲ့ အမေရိကန်သာ ပထမ ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒဟာ အကျိုးအနည်းငယ်သာရှိခဲ့ပြီး အမေရိကန်နိုင်ငံကို ကမ္ဘာ့စင်မြင့်မှာ အထီးကျန်ဖြစ်စေ ခဲ့ရုံတင်မကဘဲ ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်လာစေခဲ့ တယ်။ အရင် အမေရိကန် အစိုးရတွေရဲ့ နိုင်ငံတကာ ပဏာမ ခြေလှမ်းတွေကို ဘာမှ မထူးခြားတဲ့ နိုင်ငံရေး ြွေကးကြော်သံတွေ၊ အနှစ်သာရမရှိတဲ့ အမူအဟန်တွေနဲ့ အပြင် ]သမားရိုးကျမဟုတ်တဲ့ အချက်အလက်}တွေက အစားထိုးခဲ့ကြတယ်။

သမ္မတထရမ့်အစိုးရက ချန်ထားခဲ့တဲ့ အပျက်အစီး တွေကို အနာဂတ်မျိုးဆက်တွေက၊ သမိုင်းပညာရှင်တွေက ဆန်းစစ်ကြတဲ့အခါမျိုးမှာ တရုတ်နိုင်ငံကို အမေရိကန်ရဲ့ အချိန်ကြာမြင့်စွာ တည်ရှိခဲ့တဲ့ မူဝါဒသဘောထားရဲ့ ယိုယွင်းအားနည်းမှုတွေကို အထူးအလေးပေးကြမှာ ဖြစ်တယ်။ အမေရိကန်သမ္မတတစ်ယောက်ပြီး တစ်ယောက်တို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံရဲ့ အကျိုးတွေအတွက် အရေးကြီးတဲ့ တရုတ်နဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို စဉ်းစဉ်းစားစား စီမံကွပ်ကဲနိုင်ဖို့အရေး နားလည်သဘောပေါက်ခဲ့ကြတယ်။

အိမ်ဖြူတော်မှာ နေ့တိုင်း ရွှတ်နောက်နောက် အပြုအမူ တွေကိုမြင်ရင် တရုတ်-အမေရိကန် ဆက်ဆံရေး ထိုးဆင်းသွားတာကို သမ္မတထရမ့်အပေါ် အားလုံးပုံချလိုက်ရင် အလွယ်လေးဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေ အတွက်လည်း တရုတ်မှာ တာဝန်မကင်းဘူး။ ပွဲဦးထွက် အနေနဲ့ကတော့ နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုလိုငွေပြနေတာကို တစ်ခုချင်း သီးခြားထားလို့ မရဘူးလို့ စီးပွားရေး ကျွမ်းကျင်သူတွေ ထောက်ပြတာ မှန်တယ်ဆိုပေမဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ တရုတ်ရဲ့ ပိုငွေပြမှုဟာ စက်တင်ဘာလက စံချိန်သစ်တင်ခဲ့တာဟာ နိုင်ငံရေးအရ ထိန်းထားလို့ မရနိုင်ဘူး။

အမေရိကန် အလုပ်သမားအတော်များများအတွက် တရုတ်ဟာ အလုပ်ဆုံးရှုံးမှုနဲ့ စီးပွားရေးမလုံခြုံမှုရဲ့ သင်္ကေတဖြစ်လာတယ်။ ကုန်သွယ်ရေးထက် အမေရိကန် ရဲ့ ထုတ်လုပ်မှု အလုပ်ခန့်ထားရေးမှာ လူအစား အလိုအလျောက် စက်ကိရိယာတွေ အသုံးပြုတာကြောင့် ပိုမိုကျဆင်းလာတာ ဖြစ်ပေမဲ့ တရုတ်ဟာ စီးပွားရေး သရဲမရဲစီးနေသူဆိုကာ နာမည်ရလာတာပဲဖြစ်တယ်။ တရုတ်နိုင်ငံမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ အမေရိကန် ကုမ္ပဏီတွေကို နှစ်အတော်ကြာ အဓိကကျတဲ့ နည်းပညာ တွေနဲ့ မူပိုင်ခွင့်တွေကို တရုတ်ကုမ္ပဏီတွေထံ အတင်း အဓမ္မ လွှဲပြောင်းစေတဲ့အတွက်ကြောင့်လည်း အရည်လဲဖို့ ခက်ခဲလိမ့်မယ်။

တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ အမေရိ ကန်နဲ့စာရင် ဘယ်လောက်မှမရှိပေမဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးချဲ့ထွင်လာမှုဟာ အမေရိကန် အမျိုးသားလုံခြုံရေး အသိုင်းအဝိုင်းတွေမှာ နှစ်ပါတီရဲ့ စိုးရိမ်မှုကိုဖြစ်ပေါ်လာစေတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေကို ၂၀၁၆ ခုနှစ်က The Hague မြို့မှာရှိတဲ့ Permanent Court of Arbitration က ပယ်ချလိုက်ပြီး နောက်ပိုင်းမှာ တရုတ်ဟာ ဒေသတွင်း နိုင်ငံငယ်တွေရဲ့ ရေကြောင်းအခွင့်အလမ်းတွေကို ဆက်ပြီးခြိမ်းခြောက်နေတယ်။ ဒါကြောင့်လည်း တရုတ်က ပိုင်းခြား သတ်မှတ်ထားတဲ့ "nine-dash line" အတွင်း သွားလာခွင့် ရှိကြောင်းပြသဖို့ အမေရိကန်ရေတပ်အနေနဲ့ အထူး တာဝန်ထမ်းဆောင်တဲ့ အဖွဲ့သစ်တွေကို လွှတ်ခဲ့ရတယ်။

တွေဟာလည်း နိုင်ငံကို မှောင်မိုက်တဲ့လမ်းကို ပို့ဆောင်နေသလိုပဲ။ ဥပမာ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် ဆက်ဆံ ပုံဟာလည်း နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံနေရတယ်။ နိုင်ငံရဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်ရင် ကောင်းမလဲဆိုတာ တရုတ်အစိုးရရဲ့ ဆုံးဖြတ်မှုပေါ်မှာ မူတည်တယ်။ သူတို့ရဲ့လုပ်ရပ်တိုင်းဟာ သံသယ အရှိခံနေရရင်ကကို တရုတ်က သိလာတဲ့အခါမှာတော့ နိုင်ငံတကာ ပူးပေါင်းကြံစည်မှုလို့ အပြစ်တင်လို့ရမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေဟာ ရန်သူတွေကို ရဲဆေးတင်ပေးသလိုဖြစ်ကာ မိတ်ဆွေတွေ နည်းသွားဖို့လည်း ဖန်တီးလာတယ်။

ဒါတွေထောက်ပြပြီးတဲ့အခါမှာတော့ တရုတ်ရဲ့ မကြာသေးခင်က လုပ်ရပ်တွေဟာ သမ္မတထရမ့်ရဲ့ ရုတ်တရက် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပြောင်းပြန်လှန်ပစ်တဲ့အပေါ် အကျိုးသင့်အကြောင်းသင့် မဖြစ်ခဲ့ဘူး။ သမ္မတ ထရမ့်ရဲ့ တရုတ်နိုင်ငံအပေါ် မူဝါဒ ဟာလည်း တာဝန်မဲ့သလို မဆင်မခြင်လည်းဖြစ်တယ်။ တရုတ်နိုင်ငံဟာ လူဦးရေ ၁ ဒသမ ၃ ဘီလျံရှိကာ ကမ္ဘာ့စီးပွားရေးမှာ အဓိကပါဝင်မှု တစ်ခုဖြစ်တယ်။ အမေရိကန် အစိုးရအနေနဲ့ ဘာပဲပြောပြော၊ သို့မဟုတ် ဘာပဲလုပ်လုပ် တရုတ်ရဲ့ သြဇာအာဏာကတော့ ရှိနေမှာပဲ။

နိုဝင်ဘာလ အစောပိုင်းက ကုန်သွယ်ရေးအငြင်းပွား နေတာကို အဆုံးသတ်ဖို့ 'တရုတ်က သဘောတူညီမှု' လုပ်လိုတယ်လို့ သမ္မတထရမ့်က ကြေညာခဲ့တယ်။ ဒါဟာ တကယ်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဟာ နိုင်ငံခြားခေါင်းဆောင်တွေနဲ့ မဆွေးနွေးခင် သမ္မတထရမ့်ရဲ့ လုပ်နေကျပုံစံပဲဖြစ်တယ်။

အောင်မြင်တဲ့ဆုံးဖြတ်ချက် ရလာဖို့ အသာထား သမ္မတရှီနဲ့ ဆွေးနွေးတဲ့အခါ သမ္မတထရမ့်ဟာ သူ့ရဲ့ ပုံမှန်လုပ်နေကျ စိတ်မြန်လက်မြန်တာနဲ့ ဂရုမစိုက် အရေးမထားတာတွေ ပါလာမှာသေချာတယ်။ ဟုတ်ပါတယ်။ တရုတ်အနေနဲ့ လက်ရှိသွားနေတဲ့လမ်းကြောင်းကို လုံးဝပြောင်းလဲဖို့ လိုအပ်တယ်။ အထူးသဖြင့် ကုန်သွယ်မှုနဲ့ ဈေးကွက်ရရှိတဲ့ မူဝါဒတွေကို ပြောင်းလဲသင့်တယ်။

ဒါပေမဲ့ သမ္မတထရမ့် အစိုးရရဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူမှုကို ထပ်မံဆွေးနွေးညှိနှိုင်းခဲ့သလိုနဲ့ အမေရိကန်-ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုဖြစ်ခဲ့သလိုပဲ တရုတ်-အမေရိကန် ဆက်ဆံရေးမှာလိုအပ်တဲ့ ပြဿနာတွေအပေါ် ထိရောက်တဲ့ ဆောင်ရွက်မှုမရှိဘဲ အပေါ်ယံရွှေမှုန်ကြဲတဲ့ ပုံစံမျိုးဖြစ်လာနိုင်တယ်။

ဥပမာ-သမ္မတထရမ့်အစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့မှာ တရုတ်လာရောက်တဲ့ အရေးယူမှုပြုဖို့ မတင်ပြ သလို တရုတ်နိုင်ငံရဲ့ အပြုအမူအပေါ် စိုးရိမ်မှုတွေရှိကြတဲ့ ဥရောပ မဟာမိတ်တွေရဲ့ ထောက်ခံမှုကို စနစ်တကျ စုစည်းတာမျိုး မရှိဘူး။ အကျယ်တဝင့်ပြောရမယ်ဆိုရင် သမ္မတ ထရမ့်အစိုးရဟာ ထိရောက်တဲ့ မူဝါဒချမှတ်ဖို့ နေနေသာသာ ရှေ့နောက်ညီညွတ်တဲ့မူဝါဒကို ဖန်တီးနိုင်ဖို့ အစွမ်းအစ လုံးဝမရှိဘူး။ ဒီအချိန်မှာ နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုဆက်ဆံရေးဟာ သိပ်ခက်နေတယ်ဆိုရင်လည်း သမ္မတ ထရမ့်ဟာ တခြား နေရာမှာ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်သင့်တယ်။ တကယ်တော့ မြောက်ကိုရီးယားဆီက ဘာမှမကြားရတာကြာနေပြီလားလို့ ထင်ရတယ်။

(ဤဆောင်းပါးသည် Christopher R. Hill ၏ အာဘော်သာဖြစ်သည်။ သူသည် အရှေ့အာရှအတွက် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်ပြီး အီရတ်၊ တောင်ကိုရီးယား၊ မက်စီဒိုနီးယားနှင့် ပိုလန်နိုင်ငံတို့ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဖြစ်ခဲ့ပြီး ကိုဆိုဗိုအတွက် အမေရိကန် အထူးသံတမန်၊ Dayton Peace Accords အတွက် ညှိနှိုင်းဆွေးနွေးသူ နှင့် ၂၀ဝ၅ မှ ၂၀ဝ၉ ခုနှစ်အထိ မြောက်ကိုရီးယားနှင့် အမေရိကန်၏ ညှိနှိုင်းသူ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် Chancellor for Global Engagement ၏ အကြီးအကဲ အကြံပေးဖြစ်ပြီး Denver တက္ကသိုလ်၌ Practice in Diplomacy ၏ ပါမောက္ခဖြစ်ပြီး Outpost စာအုပ်ကို ရေးသားခဲ့သည်။)

သောင်းညွန့် ဘာသာပြန်သည်။