ဘောလုံးအဖွဲ့ချုပ်နှင့် အန်တွမ်နီဟေး လမ်းခွဲ၊ ကဏ္ဍပေါင်းစုံအားနည်းမှုကြောင့် ကျရှုံးခဲ့ရဟုဆို

ဘောလုံးအဖွဲ့ချုပ်နှင့် အန်တွမ်နီဟေး လမ်းခွဲ၊ ကဏ္ဍပေါင်းစုံအားနည်းမှုကြောင့် ကျရှုံးခဲ့ရဟုဆို

ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်မှ မြန်မာ့လက်ရွေးစင်အသင်းထွက်ခဲ့ရခြင်းသည် နည်းပြချုပ် အန်တွမ်နီဟေးတစ်ဦးတည်းအပေါ်တွင် တာဝန်မရှိဘဲ ကဏ္ဍပေါင်းစုံမှ အားနည်းချက်များကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ်ကော်မတီ က ထုတ်ပြန်ခဲ့သည်။

လမ်းခွဲ

မြန်မာ့လက်ရွေးစင်အသင်းအား ဆူဇူကီးပြိုင်ပွဲတွင်အောင်မြင်မှုရရှိအောင် စွမ်းဆောင်မပေးနိုင်ခဲ့သည့် နည်းပြချုပ်အန်တွမ်နီဟေးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒီဇင်ဘာ ၁၃ရက်က လမ်းခွဲခဲ့သည်။

အန်တွမ်နီဟေးအား စာချူပ်ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီက မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလား ပြိုင်ပွဲအုပ်စုမှ ထွက်ခဲ့ရခြင်းမှာ နည်းပြချူပ်တစ်ဦးတည်းအပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြချူပ်တို့ စာချူပ်ချူပ်ဆိုရာတွင် အဓိက ဦးတည်ချက်ဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲ အောင်မြင်မှုရရှိရေးသည်သာ စာချူပ်၏ အဓိကအချက်ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သုံးသပ်

ထို့ပြင် ဆူဇူကီးဖလားပြိုင်ပွဲတွင် ကစားသမားများအပါအဝင် ဘက်ပေါင်းစုံမှ အားနည်းချက်များကြောင့်သာ အောင်မြင်မှုနှင့် ဝေးကွာရခြင်းဖြစ်ကြောင်း၊ အဖွဲ့ချူပ်နှင့် ကဏ္ဍအသီးသီး အားနည်းချက်များ၊ မြန်မာ့ဘောလုံး၏ အခြေခံလိုအပ်ချက်များ ဖြစ်သည့် ကစားကွင်း Facilities များ၊လူငယ်ပြိုင်ပွဲများ၊ အခြေခံအဆောက်အဦများ ကောင်းမွန်လုံလောက်စွာမရှိခြင်း အစရှိသည့် အခြေခံဘက်ပေါင်းစုံ အားနည်းနေမှုများကြောင့်ဖြစ်သည်ဟု နည်းစနစ်ကော်မတီက သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အန်တွမ်နီဟေးအား ပြီးခဲ့သည့်မေလက လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့ပြီး ၇လအကြာတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး