အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်သီတင်းပတ်က ရေနံစိမ်းထုတ်လုပ်မှု အနည်းငယ်ကျဆင်းပြီး တစ်ရက်လျှင် ရေနံစိမ်းစည် ၁၁ ဒသမ ၆ သန်းရှိခဲ့

အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်သီတင်းပတ်က ရေနံစိမ်းထုတ်လုပ်မှု အနည်းငယ်ကျဆင်းပြီး တစ်ရက်လျှင် ရေနံစိမ်းစည် ၁၁ ဒသမ ၆ သန်းရှိခဲ့

အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်သီတင်းပတ်က ရေနံစိမ်းထုတ်လုပ်မှုအနည်း ငယ်ကျဆင်းခဲ့ကြောင်း၊ တစ်ရက်လျှင် ရေနံစိမ်းစည် ၁၁ ဒသမ ၆ သန်းရှိခဲ့ပြီး ယခင်သီတင်း ပတ်ထုတ်လုပ်မှုထက် တစ်ရက်လျှင် ရေနံစိမ်းစည် ၁၀ဝ၀ဝ၀ ကျဆင်းခဲ့ကြောင်း သိရသည်။

သို့တိုင်အောင် ယမန်နှစ်ကာလတူထက် တစ်ရက်လျှင် ရေနံစိမ်းစည် ၁ ဒသမ ၈ သန်းပိုမို ဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးထုတ် ကာလတိုစွမ်းအင်အမြင်နှင့်ပတ်သက်ပြီး အမေရိကန်စွမ်းအင်သတင်းအချက်အလက်စီးမံရေးဌာနက ပြောရာတွင် အမေရိကန်ရေနံ စိမ်းထုတ်လုပ်မှုမှာ လွန်ခဲ့သည့်နိုဝ-င်ဘာလအတွင်း တစ်ရက်လျှင် ရေနံစိမ်းစည် ၁၁ ဒသမ ၅ သန်းရှိခဲ့ပြီး အောက်တိုဘာလ၏ တစ်ရက်လျှင် ရေနံစိမ်းစည်ထုတ်လုပ်မှုထက် စည် ၁၅၀ဝ၀ဝ ပိုမိုမှုရှိခဲ့ကြောင်း၊ အကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စုအတွင်း အောက်တိုဘာတွင် အားပြင်းဟာရီကိန်းများ တိုက်ခတ်ဖျက်ဆီးပြီးနောက် ထုတ်လုပ်မှု လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်လာသောကြောင့်ဖြစ်ကြောင်း သိရသည်။ အမေရိကန်စွမ်းအင် သတင်းအချက်အလက်စီးမံရေးဌာန နှုဗ ကပြောရာတွင် ၂၀၁၈ အတွက် အမေရိကန် ပြည်ထောင်စုတွင် ရေနံစိမ်းထုတ်လုပ်မှုမှာ ပျမ်းမျှတစ်ရက်လျှင် ရေနံစိမ်းစည် ၁၀ ဒသမ ၉ သန်းရှိနိုင်ကြောင်း၊ လွန်ခဲ့သော ၂၀၁၇ ၏ အမေရိကန်ပြည်ထောင်စု ရေနံစိမ်းထုတ်လုပ် မှုမှာ ပျမ်းမျှတစ်ရက်လျှင် ရေနံစိမ်းစည် ၉ ဒသမ ၄ သန်းထက်ပိုကြောင်း၊ လာမည့် ၂၀၁၉ တွင် အမေရိကန်ပြည်ထောင်စု ရေနံစိမ်းထုတ်လုပ်မှုမှာ ပျမ်းမျှတစ်ရက်လျှင် ရေနံစိမ်းစည် ၁၂ ဒသမ ၁ သန်းရှိနိုင်ကြောင်းဆိုသည်။