သုံးဂိုး နှစ်ဂိုးဖြင့် ဆူဇူကီးဖလား ဗီယက်နမ် ဆွတ်ခူး

သုံးဂိုး နှစ်ဂိုးဖြင့် ဆူဇူကီးဖလား ဗီယက်နမ် ဆွတ်ခူး

ဆူဇူကီးဖလား ဗိုလ်လုပွဲဒုတိယအကျော့ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၅ရက် မြန်မာစံတော်ချိန် ည ၇ နာရီက မိုင်ဒင်းကွင်း၌ အိမ်ရှင် ဗီယက် နမ်နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ဗီယက်နမ်အသင်းက တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် ဆူဇူကီးဖလားချန်ပီယံဆုကို ဒုတိယ အကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

ဦးဆောင်ဂိုး

ဗီယက်နမ်အသင်းသည် ပထမအကျော့ အဝေးကွင်း၌ မလေးရှားအသင်းကို နှစ်ဂိုးစီ သရေကစားနိုင်ခဲ့သဖြင့် ဒုတိယအကျော့၌ ဂိုးမရှိသရေ၊ တစ်ဂိုးစီသရေ ကစားရုံဖြင့် ဗိုလ်စွဲနိုင်မည်ဖြစ်သော်လည်း ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ရာ ပွဲချိန် ၆ မိနစ်၌ပင် ငုယင်အန်ဒက်က ဖြတ်တင်ဘောမှတစ်ဆင့်  ဂိုးသွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်က ခံစစ်ကို ဦးစားပေးကစားခဲ့၍ မလေးရှားအသင်း တိုက်စစ်ဆင်ရာ၌ အခက်တွေ့ခဲ့ရသည်။

၁၀ နှစ်အကြာ

မလေးရှားအသင်းမှာ ဗီယက်နမ်နောက် တန်းကို မကျော်နိုင်ခဲ့၍ ပွဲအပြီး၌ ဗီယက်နမ်က နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် ချန်ပီယံ ဖြစ်ခဲ့သည်။ ဗီယက်နမ်မှာ ၂၀ဝ၈ ခုနှစ်က ပထမဆုံး ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ၁၀ နှစ်အကြာတွင် ထပ်မံရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး