ပြည်၌ မြစ်ရေအသုံးပြုမှု ရေမီတာများပျောက်ဆုံးမှုများပြား နေအိမ်ခြံဝင်းများအတွင်း ပြောင်းလဲတပ်ဆင်ရန် စည်ပင်နှိုးဆော်

ပြည်၌ မြစ်ရေအသုံးပြုမှု ရေမီတာများပျောက်ဆုံးမှုများပြား နေအိမ်ခြံဝင်းများအတွင်း ပြောင်းလဲတပ်ဆင်ရန် စည်ပင်နှိုးဆော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ နေအိမ် ပြင်ပတွင် တပ်ဆင်ထားသော မြစ်ရေအသုံး ပြုမှု ရေမီတာများပျောက်ဆုံးမှုများလာသော ကြောင့် နေအိမ်ခြံဝင်းများအတွင်း ပြောင်းလဲ တပ်ဆင်ရန် ပြည်မြို့နယ်စည်ပင်သာယာရေး ကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။

ပမာဏ

ရေပေးဝေရေးစနစ်အတွင်း မိမိနေအိမ်မှ ရေသုံးစွဲမှုပမာဏသိရှိနိုင်ရန် တပ်ဆင်ထား သော ရေမီတာများ ပျောက်ဆုံးလာခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ကာ လိုက်လံနှိုးဆော်လျက်ရှိပြီး မိမိအိမ်ရှိရေမီတာ များအား နေအိမ်အတွင်းပြောင်းလဲတပ်ဆင် ရန် စည်ပင်ထံအကြောင်းကြားရမည် ဖြစ်ကာ အခမဲ့ ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်သည်။

ညှိနှိုင်း

"ပြီးခဲ့တဲ့လကတည်းက စပြီးပျောက်ဆုံး လာတာပါ။ ဖြစ်တာက အိမ်အပြင်မှာတပ်ထား တဲ့ ရေမီတာတွေ ပျောက်တာများတယ်။ အခု ဆိုရင် ၁၅ လုံးလောက်ရှိသွားပြီ။ တချို့က ပျောက်နေတာကို ရေမီတာသွားစစ်မှ သိတာရှိ သလို အချို့ကလည်း လာအကြောင်းကြား တယ်။ လက်ရှိပျောက်ဆုံးနေတဲ့ ရေမီတာတွေ ဘယ်လိုပြန်တပ်ဆင်မယ်ဆိုတာတော့ ညှိနှိုင်း ဆောင်ရွက်မယ်" ဟု ပြည်မြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းဝေက ပြောဆိုသည်။

အခက်အခဲရှိ

ရေအသုံးပြုခကောက်ခံရာတွင် တွက် ချက်ပေးမည့် ရေမီတာများကို ပြည်မြို့တစ်မြို့ လုံးအတွက် နိုင်ငံခြားမှ အလုံးရေ ၃၅၀ဝ တင်သွင်းခဲ့ကြောင်း၊ တစ်လုံးလျှင် မြန်မာငွေ ကျပ်သုံးသောင်းခွဲကျော်ကျသင့်ခဲ့ကာ ပျောက် ဆုံးမှုများပြားလာပါက တင်သွင်းထားသည့် အရေအတွက်အရ အစားထိုးတပ်ဆင်ရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။

သတိပေးနှိုးဆော်

နေအိမ်ခြံဝင်းပြင်ပတွင် ရေမီတာတပ် ဆင်ထားပြီး ပျောက်ဆုံးပါက ရေမီတာဖိုးပေး ဆောင်၍ တပ်ဆင်ရမည်ဖြစ်ကြောင်း၊ ထိုရေ မီတာများကို ပြင်ပတွင် အရောင်းအဝယ်မပြု လုပ်ကြရန်နှင့် တွေ့ရှိပါက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေး ယူသွားမည်ဖြစ်ကြောင်း ပြည်မြို့နယ် စည်ပင် သာယာရေကော်မတီက သတိပေးနှိုးဆော် ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး