ရာသီကြိုခြေစမ်းပွဲများ ကစားလျက်ရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် တတိယမြောက်ခြေစမ်းပွဲအဖြစ် ဒီဇင်ဘာ ၁၅ရက် ညနေပိုင်းက ဟံသာဝတီယူနိုက်တက်နှင့် ယှဉ်ပြိုင်ခဲ့ရာ ဆီလာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။
ကျေနပ်ခဲ့ရ
ခြေစမ်းပွဲကို ပုံမှန်ပွဲကစားချိန် ၄၅မိနစ် နှစ်ပိုင်းခွဲ၍ ယှဉ်ပြိုင်ခဲ့ပြီး ပွဲအစ တစ်မိနစ်တွင် ပြည့်ဖြိုးအောင်၏ လက်ပစ်ဘောမှတစ်ဆင့် တိုက်စစ်မှူးဆီလာက ပိတ်သွင်းယူခဲ့ပြီး ရန်ကုန်ယူနိုက်တက် ဦးဆောင်ဂိုးရခဲ့သည်။
ရန်ကုန်ယူနိုက်တက်သည် ဘောလုံးပိုင်ဆိုင်မှုအသာစိီးဖြင့် ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးများရရန် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ တစ်ဂိုး ဂိုးမရှိဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရန်ကုန်ယူနိုက်တက်သည် ခြေစမ်းပွဲသုံးပွဲကစားခဲ့ပြီးရာတွင် ဧရာဝတီယူနိုက်တက်ကို သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရခိုင်ယူနိုက်တက်ကို နှစ်ဂိုးစီသရေ၊ ဟံသာဝတီယူနိုက်တက်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်အသင်းသည် လေးပွဲမြောက် ခြေစမ်းပွဲအဖြစ် ဒီဇင်ဘာ ၁၉ ရက် ညနေ ၃နာရီခွဲတွင် YUSC ကွင်း၌ Chinland အက်ဖ်စီ (ယခင် GFA အက်ဖ်စီ) အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။















