အိမ်ထောင်ရေးပြင်ပဇာတ်ရှုပ်မှု စွဲချက်များကြောင့် သြစတြေးလျဝန်ကြီးတစ်ဦး နုတ်ထွက်

အိမ်ထောင်ရေးပြင်ပဇာတ်ရှုပ်မှု စွဲချက်များကြောင့် သြစတြေးလျဝန်ကြီးတစ်ဦး နုတ်ထွက်

အမျိုးသမီးတစ်ဦးကိုမလျော်မကန် ဆက်ဆံခဲ့မှု စွဲချက်များရင်ဆိုင်ခဲ့ရသော သြစတြေးလျ ဝန်ကြီးတစ်ဦးသည်  ရာထူးမှ  နုတ်ထွက်သွားပြီဖြစ်သည်။ 

အငယ်တန်းဝန်ကြီး အန်ဒရူးဘရော့သည် အငယ်အနှောင်းရှာသည့် ဝက်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် အမျိုးသမီးတစ်ဦးနှင့် ချိတ်ဆက်မိကာဟောင်ကောင်တွင် တိတ်တဆိတ် တွေ့ဆုံခဲ့ကြောင်း သြစတြေးလျသတင်းမဂ္ဂဇင်းနယူးအိုင်ဒီယာက ရေးသားဖော်ပြသည်။ 
စွပ်စွဲချက်များနှင့် ပတ်သက်၍ မစ္စတာဘရော့သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်းအစိုးရကထုတ်ပြန်ပြောကြားသော်လည်းအသေးစိတ် ထည့်သွင်းပြောကြားခြင်းမရှိ။ 
    အငယ်တန်းဝန်ကြီးမစ္စတာဘရော့သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီးယခုနှစ် စက်တင်ဘာကစတင်ကာဒုတိယဝန်ကြီးချုပ်  မိုက်ကယ်မက်ကော်မက်၏ လက်ထောက်တစ်ဦးအဖြစ် ကူညီဆောင်ရွက်လျက်ရှိသူဖြစ်သည်။ 
    နယူးအိုင်ဒီယာမဂ္ဂဇင်းကဖော်ပြချက်အရတိုင်တန်းသူမှာအေမီဆိုသောအမျိုးသမီးဖြစ်ပြီးမစ္စတာဘရော့သည် ၎င်းကိုလိင်ဆိုင်ရာမလျော်ကန်သော မက်ဆေ့များလည်းဖုန်းကပို့သည်ဟုဆိုထားသည်။ ဟောင်ကောင်တွင် တွေ့ဆုံစဉ်ကလည်းမစ္စတာဘရော့သည် ၎င်း၏  ပေါင်ပေါ်ကိုလက်တင်ကာ အသားယူသဖြင့် ညစာစားပွဲမှ  ထထွက်ခဲ့ရကြောင်းမစ္စ အေမီကတိုင်တန်းထားသည်။ 
ယခုဖြစ်စဉ်သည် ဒီဇင်ဘာ ၁၇ ရက်တွင် ဝန်ကြီးချုပ် စကော့  မော်ရစ်ဆန်၏ နိုင်ငံတော်ဘတ်ဂျက် တင်ပြမှုကိုလည်း လွှမ်းမိုးခဲ့သည်။  ဘတ်ဂျက်တွင်  ဖော်ပြထားချက်အရ နိုင်ငံတော်ကြွေးမြီသည် မှန်းထားသည်ထက်ပိုမြန်မြန် လျော့ကျလာနေကြောင်း တွေ့ရသည်။