ထားဝယ်တွင်  အုတ်ဖိုလုပ်ငန်းများ  လိုင်စင်အမြန်ဆုံးထုတ်ပေးမည်

ထားဝယ်တွင်  အုတ်ဖိုလုပ်ငန်းများ  လိုင်စင်အမြန်ဆုံးထုတ်ပေးမည်

ထားဝယ်ခရိုင်အတွင်းရှိ အုတ်ဖိုလုပ်ငန်း များအတွက် လိုင်စင်လာရောက်လျှောက်ထား ပါက အမြန်ဆုံးထုတ်ပေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောဆို သည်။

အုတ်ဖိုလိုင်စင်လျှောက်ထားလိုပါက ခရိုင် ထွေ/အုပ်ရုံးတွင် လာရောက်စုံစမ်းလျှောက် ထားနိုင်ပြီး လိုအပ်သည့်အချက်အလက်များပြည့်စုံပါက အမြန်ဆုံးထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

"နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးလုပ် ပေးမှာ"ဟု ဦးအောင်စိုးမိုးက ပြောဆိုသည်။

ထားဝယ်ခရိုင်အတွင်း အုတ်ဖိုလုပ်ငန်း ဆယ်ချီရှိပြီး အုတ်ဖိုလုပ်ငန်းအများစုမှာ လုပ်ငန်းလိုင်စင်မရှိကြချေ။

ခေါ်ယူအသိပေးထားပြီး

အုတ်ဖိုလိုင်စင်လျှောက်ထားရန် နိုဝင်ဘာ လကုန်ပိုင်းက အုတ်ဖိုလုပ်ငန်းရှင်များအား ခေါ်ယူအသိပေးထားပြီးဖြစ်ကြောင်း လောင်း လုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောဆိုသည်။

အုတ်ဖိုလုပ်ငန်းရှင်တချို့က လယ်မြေကွက် များကို ငှားရမ်းလုပ်ကိုင်နေရသည့်အတွက် လိုင်စင်လျှောက်ထားချိန်တွင် မြေနေရာပိုင်ဆိုင် မှုအခက်အခဲရှိကြောင်း လောင်းလုံးမြို့နယ် အတွင်း ၁၀ နှစ်ကျော် လုပ်ကိုင်လာခဲ့သည့် အုတ်ဖိုလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အုတ်ဖိုလိုင်စင်ရပြီးပါက အုတ်တစ်ချပ် လျှင် ပျမ်းမျှတစ်ကျပ်နှုန်းဖြင့် အခွန်ဆောင်ရ မည်ဖြစ်ပြီး လိုင်စင်သက်တမ်းမှာ တစ်နှစ် ဖြစ်ကြောင်း ခရိုင်ထွေအုပ်ရုံးမှသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး