လားရှိုး၌ တိုင်းရင်းသားယဉ်ကျေးမှုကွင်းတစ်ခု တည်ရှိနိုင်ရေး စီစဉ်သွားမည်

လားရှိုး၌ တိုင်းရင်းသားယဉ်ကျေးမှုကွင်းတစ်ခု တည်ရှိနိုင်ရေး စီစဉ်သွားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ တိုင်းရင်းသားယဉ်ကျေးမှုကွင်းတစ်ခုဖော် ဆောင်ရန်စီစဉ်မည်ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောဆိုခဲ့သည်။

"လားရှိုးမြို့ရှောင်လမ်းထောင့်မှာရှိတဲ့ မြေကွက်ကို တကယ်လို့အဆင်ပြေတယ်ဆိုရင်၊ ပိုင်ဆိုင်မှုတွေလည်း ကင်းရှင်းတယ်ဆိုရင် ဒီမြေကို ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေနဲ့ စီမံခန့်ခွဲပိုင်ခွင့် တောင်းမယ်။ ခွင့်ပြုချက်ရတာနဲ့ ခရိုင်ရုံး ဖွင့်နိုင်အောင်လုပ်မယ်။ ပြီးရင် အဲဒီနေရာမှာ ဘယ်တိုင်းရင်းသားလူမျိုးမဆို သူတို့ရဲ့နှစ်သစ် ကူးနေ့၊ အထင်ကရအခမ်းအနားနေ့ အထိမ်း အမှတ်ပွဲတွေ ကျင်းပနိုင်အောင်ဆောင်ရွက်မှာပါ" ဟု ဒုတိယဝန်ကြီး ဦးလှမော်ဦးကပြော ဆိုသည်။

လိုအပ်နေ

လားရှိုးမြို့ရှိ တိုင်းရင်းသားလူမျိုးများ အနေဖြင့် ၎င်းတို့၏ရိုးရာအစဉ်အလာပွဲတော် များ ကျင်းပရန်နှင့် အစည်းအဝေးများပြုလုပ် ရန် နေရာအခက်အခဲရှိနေခြင်းတို့ကြောင့် တိုင်းရင်းသားယဉ်ကျေးမှုကွင်းတစ်ခု ဖော် ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

"အရင်ကတော့ နမ္မတူလမ်းခွဲက မြေကွက် လပ်ကို ယဉ်ကျေးမှုကွင်းအဖြစ် သတ်မှတ်ပေး ထားတယ်လို့ သိရပါတယ်"ဟု လားရှိုးမြို့နယ် ဗမာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောဆိုသည်။

တင်ပြခဲ့

ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် ယဉ်ကျေးမှု အဖွဲ့များ ဒီဇင်ဘာလလယ်ပိုင်းက တွေ့ဆုံခဲ့ ကြပြီးတိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့က ၎င်းတို့လိုအပ်နေသော ယဉ်ကျေးမှုကွင်းအပြင် အိမ်ထောင်စုများ မှတ်ပုံတင်ပြုလုပ်ရာတွင် ခက်ခဲကြန့်ကြာနေခြင်းများကိုလည်း တင်ပြခဲ့ ကြကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး