မင်္ဂလာဆောင်တွင် သီချင်းဆိုရန် အလှည့်လုရာမှ ဓားနှင့်ခုတ်သဖြင့် တစ်ဦးသေဆုံး

မင်္ဂလာဆောင်တွင် သီချင်းဆိုရန် အလှည့်လုရာမှ ဓားနှင့်ခုတ်သဖြင့် တစ်ဦးသေဆုံး

မင်္ဂလာဆောင်တွင် သီချင်းဆိုရန် အလှည့်လုရာမှ ဓားနှင့်ခုတ်သဖြင့် တစ်ဦးသေဆုံးခဲ့မှုကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း ဒေါင့်ကြီးနယ်မြေရဲစခန်းက ဆိုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဆင်ဂေါင်းကျေးရွာရှိ ဦးမြဝင်း၏ မင်္ဂလာဆောင်နေအိမ်၌ တစ်ရွာတည်းနေ နိုင်ဦး(၃၀)နှစ်နှင့် စလားပလန်း(၃၂)နှစ်တို့ သီချင်းသီဆိုရန် အလှည့်လုရာက စကားများရန်ဖြစ်ခဲ့သည်။
ထိုသို့ရန်ဖြစ်ပြီး စလားပလန်းက အရိုးအသွား ၁၉ လက်မခန့်ရှိ ဓားဖြင့်ခုတ်သဖြင့် နိုင်ဦးတွင် ဓားခုတ်ဒဏ်ရာရကာ သေဆုံးခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယောက်ဖဖြစ်သူကို သေဆုံးအောင်ပြုလုပ်သူ စလားပလန်းကို အရေးယူပေးရန် ကြဂရက်ကျေးရွာနေ စောရှီးရှိက ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန် တွင် သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ 
ဒေါင့်ကြီးနယ်မြေရဲစခန်းက (ပ)၇၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။