တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံး

တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံး

မိုးကောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံးခဲ့မှု ဒီဇင်ဘာလ ၁၇ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အဆိပ်သောက်ထား၍ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး သေဆုံးရောက်ရှိနေကြောင်း သတင်းအရ မိုးကောင်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ် မန်ရွက်ကျေးရွာနေသူဖြစ်ပြီး ယင်ကောင်သတ်ဆေးနှင့် ပရုတ်လုံးတွဲ၍သောက်ထားသောကြောင့် ဆေးကုသရန်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူသည် ကျောင်းစာ မလိုက်နိုင်သည့် အပေါ် မိဘများက ဆူပူကြိမ်းမောင်းဖိအားပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ပြုမူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ် ၂၃/၁၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။