ဓားကိုင်ရမ်းကားသူကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲနှစ်ဦး ဒဏ်ရာရ

ဓားကိုင်ရမ်းကားသူကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲနှစ်ဦး ဒဏ်ရာရ

ကြည့်မြင်တိုင်မြို့နယ်တွင် ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ယနေ့ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ သန်းခေါင်းကျော် ၁၂ နာရီ ၄၅ မိနစ်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာအနောက်ပိုင်းရပ်ကွက် ဦးမောင်မောင်လမ်းသွယ်တွင် လူတစ်ဦး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်အချို့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါရပ်ကွက်နေ ထွန်းထွန်းလွင်(ခ) ကိုရီးယား(၃၄)နှစ်ကို အရိုးအသွား(၁၀)လက်မခန့်ရှိ နှစ်ဖက် အသွားပါ ဓားဦးချွန်တစ်ချောင်း ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့မြင်စဉ် ထွက်ပြေးခဲ့သည်။ 
ထွက်ပြေးတိမ်းရှောင်သူ ထွန်းထွန်းလွင် (ခ)ကိုရီးယားကို ၄င်း၏အိမ်အတွင်းရဲတပ်ဖွဲ့က လုံးထွေး ဖမ်းဆီးခဲ့စဉ် ဓားဦးချွန်ဖြင့် ပြန်လည် ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ယာလက်ညှိုးနှင့် လက်သူကြွယ်တို့ ပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

တိုင်တန်းချက်အရ စက်ဆန်းနယ်မြေ ရဲစခန်းက (ပ)၃၀၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၃၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။