အာဆီယံတက္ကသိုလ်ပြိုင်ပွဲ ဘောလုံးပွဲစဉ်၌ မြန်မာကိုအနိုင်ယူပြီး ထိုင်းဗိုလ်စွဲ

အာဆီယံတက္ကသိုလ်ပြိုင်ပွဲ ဘောလုံးပွဲစဉ်၌ မြန်မာကိုအနိုင်ယူပြီး ထိုင်းဗိုလ်စွဲ

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ် ဗီုလ်လုပွဲကို ဒီဇင်ဘာ ၁ဂရက် မွန်းလွဲ ၃နာရီခွဲက ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက မြန်မာအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့သည်။

အားနည်းချက်များရှိ

မြန်မာတက္ကသိုလ်ဘောလုံးအသင်းသည် ပွဲအစပိုင်းတွင် အပြန်အလှန်ကစားနိုင်ခဲ့သော်လည်း တစ်ဦးချင်းစွမ်းရည်နှင့် နည်းစနစ်ပိုင်း၌ အားနည်းချက်များရှိခဲ့၍ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ထိုင်းတက္ကသိုလ်အသင်းမှာ ပထမပိုင်းတွင် မြန်မာနောက်ခံလူအမှားကတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းတွင် ထောင်ကန့်ဘောမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။

 ဗိုလ်လုပွဲစဉ်မတိုင်မီ တတိယနေရာလုပွဲ၌ မလေးရှားအသင်းက လာအိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆု ရရှိခဲ့သည်။

ဆွတ်ခူးခဲ့

အခြားပြိုင်ပွဲများတွင် ဗိုဗီနမ်ပွဲစဉ်၌  မြန်မာအသင်းမှ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည်။

အမျိုးသား တစ်ကိုယ်တော်လက်သိုင်းအပြပွဲစဉ်၌ ကျော်သူစိုးအောင်က ငွေတံဆိပ်ရရှိခဲ့ခြင်းဖြစ်ပြီး အမျိူးသမီး နှစ်ယောက်တွဲ (ဓား)ပွဲစဉ်တွင် ခိုင်ကျော့ကျော့ဝေ နှင့် ယဉ်သိမ့်ချောတို့က ကြေးတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး